spot_img
20.7 C
Loikaw
Saturday 8, November 2025
spot_img
Homeသတင်းကေအဲန်ယူ နယ်မြေ၊ သံလွင်မြစ်အနီး ပွိုင့် ၉၃၉ စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ အကျအဆုံးရှိ

ကေအဲန်ယူ နယ်မြေ၊ သံလွင်မြစ်အနီး ပွိုင့် ၉၃၉ စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ အကျအဆုံးရှိ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ထိုင်း-ကရင်-ကရင်နီနယ်စပ်က ပွိုင့် ၉၃၉ ထောင်ထိပ်မှာ ရှိတဲ့ မို့လို့ကျိုး (ခေါ် ) ဖဲထာ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ် နဲ့အတူ ကရင်နီပူးပေါင်းတပ်တွေလည်း စုပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်တွေဖက်က အကျအဆုံးရှိသလို ထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA) ထံကနေ သိရပါတယ်။

ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဖက်က ထိခိုက်ကျဆုံးမှုစာရင်းကိုတော့ မည်သည့်အဖွဲ့ကမှ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

အဆိုပါ စစ်ကောင်စီရဲ့ တပ်စခန်းဟာ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅) နယ်မြေမှာ နှစ်ပေါင်း ၃၀ ခန့် အခိုင်အမာ ခြေကုပ်ယူထားတဲ့ တပ်စခန်းကြီးဖြစ်ပြီး အင်အား ၁၂၀ ခန့် ရှိသလို ကွန်ကရစ် ကတုတ်ကျင်း ကြီးငယ် ၃၀ ခန့်နဲ့လည်း အခိုင်အမာတပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူပစ်ခတ်မှုတွေကြားကနေ တိုက်ခိုက်ခဲ့ရသလို တော်လှန်ရေးပူးပေါင်းတပ်ကနေ ရက်ပေါင်း ၂၀ ခန့် အချိန်ယူပြီး နှစ်ကြိမ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ပွိုင့် ၉၃၉ ထောင်ထိပ်မှာရှိတဲ့ မို့လို့ကျိုး (ခေါ် ) ဖဲထာ စခန်းကို KNU/ KNLA ၊ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု အပါအဝင် FFD (Force for Federal Democracy) တပ်ဖွဲ့မှလည်း Missile များဖြင့် ပစ်ခတ်တိုက်ခိုက်တာတွေ၊ Drone အမြောက်အမြားနဲ့ တိုက်ခိုက်ခြင်းတွေပြုလုပ်ခဲ့တယ်လို့ FFD က ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ