spot_img
32.9 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းနယ်စပ်က စစ်ကောင်စီရဲ့ ဟွေခမောက်တပ်စခန်းကို ကရင်နီပြည်တပ်မတော် ဝင်ရောက်ရှင်းလင်း

နယ်စပ်က စစ်ကောင်စီရဲ့ ဟွေခမောက်တပ်စခန်းကို ကရင်နီပြည်တပ်မတော် ဝင်ရောက်ရှင်းလင်း

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ် BP 12 (ဘီပီ ၁၂) အနီးက စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုဖြစ်တဲ့ ဟွေခမောက်တပ်စခန်းကို ကရင်နီပြည် တပ်မတော် (KA) တပ်ရင်း (၁) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ကရင်နီပြည် တပ်မတော်(KA)ရဲ့စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“၂၅ ရက် နေ့မှာ ဟွေခမောက် ၁၄၄၁ စခန်းကို တပ်ရင်း(၁) ရဲဘော်တွေ ဝင်ရှင်းတယ်။ လက်နက်ခဲယမ်းတချို့ရတာပေါ့။ တိုက်ပွဲက မရှိဘူး။ နန်းပန်ချောင်း တောင်ခြမ်း မယ်စဲ့တကွေ့လုံး ရန်သူက မရှိတော့ဘူး။”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

စစ်ကောင်စီ ဆုတ်ခွာသွားပြီဖြစ်တဲ့ အဲ့ဒီတပ်စခန်းကို ဝင်ရောက်ရှင်းလင်းရာမှ လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ခုနှစ်အတွင်း ဟွေခမောက်တပ်စခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ ရိက္ခာပို့ဖို့ ကြိုးစားတာကို ကရင်နီပြည်တပ်မတော် (KA) ကနေ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိမှာတော့ မယ်စဲ့မြို့နယ်၊ သံလွင်အရှေ့ဖက်ခြမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတော်လှန်ရေးအင်အားစုဖက်က သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ