spot_img
26.8 C
Loikaw
Thursday 9, October 2025
spot_img
Homeသတင်းမော်ချီးကနေ ပြန်လာတဲ့ ဖရူဆိုဒေသခံ လူငယ်နှစ်ဦး ၁၀ရက်ကြာတဲ့အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေ

မော်ချီးကနေ ပြန်လာတဲ့ ဖရူဆိုဒေသခံ လူငယ်နှစ်ဦး ၁၀ရက်ကြာတဲ့အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေ

-

ကန္တာရဝတီတိုင်း(မ်)

ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ ဖရူဆိုဒေသခံ လူငယ်နှစ်ဦးဟာ ဇူလိုင်လ ၅ ရက်နေ့မှာပဲ နန်းဖဲ ကျေးရွာအနီးမှာ အဆက်သွယ်မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

အဆိုပါ လူငယ်နှစ်ဦးက ဖရူဆိုမြို့နယ် ၊ ထီးဗျားညေ ကျေးရွာက အသက် ၁၉နှစ်အရွယ် ခူးဘျားရယ် နဲ့ ခူးမီရယ် တို့ ဖြစ်ကြပါတယ်။

“ပျောက်နေတာတော့သေချာတယ် ခုချိန်ထိ ဘာအဆက်အသွယ်မှ မရသေးလို့ပါ။ ၅ ရက်နေ့ ညနေ ၅ နာရီနောက်ပိုင်းမှာ စပျောက်သွားတာ။ ဘာလို့ဆို သူတိုနှစ်ယောက်နဲ့ တူတူပြန်လာတာ နှစ်ယောက်ရှိသေးတယ် နန်းဖဲမရောက်ခင်မှာ ပျောက်နေတဲ့နှစ်ယောက်ကို လိုက်မမီတော့ဘူးလို့ ပြောပါတယ်”လို့ ပျောက်ဆုံးနေတဲ့သူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ မော်ချီးကနေ ထီးဗျားညေ ကျေးရွာကို ပြန်လာစဉ် ညနေ ၆ နာရီဝန်းကျင်အထိ နန်းဖဲကျေးရွာအနီးအနားကို ရောက်ရှိနေပြီလို့ အဆက်သွယ်ရရှိပေမယ့် ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့အထိ နေအိမ်ကို ပြန်မရောက်ရှိသေးတာ ဖြစ်ပါတယ်။

“အဆက်အသွယ်မရတာ ၁၀ ရက်ကျော်ပြီပေါ့နော်၊ သူတို့ မိသားစုဝင်တွေကော ကျနော်တို့ကော လိုက်ရှာသေးတယ်။ ဘာအရိပ်အယောင်မှမတွေ့ရဘူး မကြားရသေးဘူးပေါ့နော် စိုးရိမ်နေရတယ်။” လို့ ပျောက်ဆုံးနေတဲ့ လူငယ်နှစ်ဦးရဲ့ ခင်မင်သူတစ်ဦးက ပြောပါတယ်။

အဆက်သွယ်မရရှိတာ ကြာမြှင့်နေပြီဖြစ်တာကြောင့် ပျောက်ဆုံးနေတဲ့ လူငယ်နှစ်ဦးရဲ့ မိသားစုဝင်တွေ စိတ်ပူနေပြီး တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း တောင်းဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ