spot_img
26.2 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုက ပြိုကျနေဆဲ တွင်းကြီးကို အန္တရာယ်မဖြစ်အောင် အနီးဝန်းကျင်မှာ ခြံစည်းရိုးခတ်ထား

ဒီးမော့ဆိုက ပြိုကျနေဆဲ တွင်းကြီးကို အန္တရာယ်မဖြစ်အောင် အနီးဝန်းကျင်မှာ ခြံစည်းရိုးခတ်ထား

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ငလျင်ဒဏ်ကြောင့် မြေပြိုပြီး တွင်းကြီးဖြစ်‌ေပါ်ခဲ့တဲ့ နေရာအနီးပတ်ပတ်လည်ကို ဒီကနေ့ ဧပြီလ ၁၁ရက်နေ့မနက်ပိုင်းမှာ ခြံစည်းရိုး ခတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ၇.၇ ရစ်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုနောက်ဆက်တွဲအနေနဲ့ မြေအက်ကွဲကြောင်းရာကတဆင့် မြေကျွံရာကနေ အကျယ်နဲ့အနက် ပေ ၁၀၀ ကျော် တွင်းကြီး ဖြစ်ပေါ်လာခဲ့တာပါ။

“မြေက ပြိုနေဆဲပဲ။ အဓိကက အန္တရာယ်မဖြစ်ဖို့ပေါ့၊ အဲ့ဒါကို ခြံစည်းရိုး ခတ်လိုက်တာပါ”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ အဲ့ဒီ မြေပြိုနေတဲ့ တွင်းဟာ ပိုကျယ်လာတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

မြေပြိုအက်ကွဲတာကို ဒေသခံတွေ စိုးရိမ်သလို အိမ်မွေး တိရိစ္ဆာန်တွေ အန္တရာယ်မဖြစ်စေဖို့ ရည်ရွယ်ပြီး IEC နဲ့ ဒေသခံတွေ စုပေါင်းကာ တွင်းအနီးအနားကို ခြံစည်းရိုး ခတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

#Karenni #KantarawaddyTimes #KarenniNews #ဒီးမော့ဆို #တွင်းနက်ကြီး #တွင်းကိုခြံစည်းရိုးခတ်

Kantarawaddy Times Mobile App ဒေါင်းလုဒ် လုပ်ရန် – https://bit.ly/3MAz6el
Telegram – https://t.me/+TdI_wMuy0TAwYWZl
Website (Bur) – www.kantarawaddytimes.org
(Eng) – www.ktnews.org
Facebook (Bur) – www.facebook.com/KantarawaddyTimes
(Eng) – www.facebook.com/ktimeseng
Twitter – www.twitter.com/KantarawaddyTim
Youtube – www.youtube.com/user/MrKtimes
Soundcloud – soundcloud.com/kantarawaddy-times

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ