spot_img
27.7 C
Loikaw
Thursday 26, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီတပ်သား ၂ဦး Loikaw Local PDF ထံ အလင်းဝင်လာ

စစ်ကောင်စီတပ်သား ၂ဦး Loikaw Local PDF ထံ အလင်းဝင်လာ

-

ကန္တာရဝတီတိုင်း(မ်)

Loikaw Local PDF တပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား ၂ဦး ဧပြီလ ၁၉ ရက်နေ့မှာ အလင်းဝင်လာတယ်လို့ ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့မှာ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ တပ်သား ၂ဦးဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့နယ် အခြေစိုက် ခမရ ၅၁၇ တပ်ရင်း က ဖြစ်ပြီး လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်အမှတ် ပစ -……… ကိုင်ဆောင်ထားသူ မောင်သန်းစိုးဦး နဲ့ ပစ -………ကိုင်ဆောင်ထားသူတပ်သားတစ်ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။

“လက်နက်တော့မပါဘူးပေါ့နော်။ အသက်အရွယ်တွေက ၂၂ နှစ်အရွယ် တစ်ယောက်နဲ့ ၂၆ နှစ်အရွယ်တစ်ယောက် ၂ယောက်ပေါ့နော်။ မောင်သန်းစိုးဦး နဲ့ နောက်ထပ်တစ်ဦးကတော့ လုံခြုံရေးအရ နာမည်ဖော်ပြလို့မရဘူး။”လို့ Loikaw Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အပတ်စဉ်(၅)/(၆) သင်တန်းဆင်းဖြစ်ပြီး ပြည်သူစစ်မှုထမ်း ဥပဒေ ထုတ်ပြန်ပြီး ရှောင်တစ်ခင် အဖမ်းအဆီး ခံခဲ့ရကာ အတင်းအဓ္ဓမ လူသစ်စုဆောင်းခံ ခဲ့ရတဲ့ ပြည်သူ့စစ်မူထမ်းတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘဲ အလင်းဝင်ရောက်ခိုလှုံလာတဲ့ တပ်သားတွေကို လုံခြုံတဲ့နေရာမှာ ထားရှိသလို ဝင်ရောက်ခိုလှုံလာသူတွေရဲ့ စိတ်ဆန္ဒကို အလေးထား ကာကွယ်စောက်ရှောက်သွားမှာဖြစ်ကြောင်းကိုလည်း Loikaw Local PDF က ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ