spot_img
19 C
Loikaw
Thursday 19, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းက ဦးဆောင်ပြီး ဒေသတွင်း လူငယ် နဲ့ ရဲဘော်ကို အခြေခံကွန်ပြူတာ သင်တန်းပို့ချပေးခဲ့

ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းက ဦးဆောင်ပြီး ဒေသတွင်း လူငယ် နဲ့ ရဲဘော်ကို အခြေခံကွန်ပြူတာ သင်တန်းပို့ချပေးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်း တစ်နေရာမှာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ရဲ့ အမှတ် (၉၄၂၀) တပ်ရင်းကနေ ဦးဆောင်ပြီး ဒေသတွင်း လူငယ်နဲ့ ရဲဘော် တချို့ကို အခြေခံကွန်ပြူတာ သင်တန်းပို့ချပေးခဲ့တယ်လို့ ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်း တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

လက်ရှိ သင်တန်းပို့ချမှုဟာ အပတ်စဥ်(၁) ဖြစ်ပြီး သင်တန်းသား စုစုပေါင်း ၇ ဦးတက်ရောက်ခဲ့တယ်လို့ ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“သင်တန်းက ပထမဆုံးအကြိမ်ပါ။ သင်တန်းသားကတော့ ကျနော်တို့ ကလလတ အမှတ် (၉၄၂၀) တပ်ရင်းကနေ ရဲမေ၂ဦး၊ ကလလတ အမှတ် (၇၈၉၄) တပ်ရင်းက ရဲဘော်၂ဦးနဲ့ ဒေသခံအရပ်သားလူငယ် ၃ဦး၊ စုစုပေါင်း ၇ဦးကို အပတ်စဥ်(၁) အဖြစ် သင်တန်းစပေးနိုင်ခဲ့ပါတယ်။”လို့ ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

သင်တန်းမှာ ကွန်ပျူတာ မလုံလောက်တဲ့ အခက်ခဲတွေကြောင့် အချိန်ပိုင်း ခွဲပြီး သင်ကြားပေးမှုတွေ လုပ်ဆောင်ပေးရတယ်လို့ ဆိုပါတယ်။

အဆိုပါ သင်တန်းကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းရဲ့ ဦးဆောင်မှုအပြင် တပ်ရင်းအောက်ရှိ ပညာရေး အစီစဥ်တစ်ခုဖြစ်တဲ့ “တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်” ဆိုတဲ့ အစီအစဥ်နဲ့ ပို့ချဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၆)ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာတော့ သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ