spot_img
20.5 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ဖို့ စစ်ကောင်စီ အပစ်ခတ်ရပ်စဲကာလ ထပ်တိုး ကြေညာ

ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ဖို့ စစ်ကောင်စီ အပစ်ခတ်ရပ်စဲကာလ ထပ်တိုး ကြေညာ

-

ကန္တာရဝတီတိုင်း ( မ် )

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ဖို့ ဒီကနေ့ မေလ ၆ ရက်နေ့ ရက်စွဲနဲ့ အပစ်ရပ်ကာလ ထပ်တိုး ကြေညာလိုက်ပါတယ်။

ငလျင်ဖြစ်ပွားပြီးတဲ့နောက် ဧပြီလ ၂ ရက်နေ့ကစ ရက်၂၀ ကြာ အပစ်ခတ်ရပ်စဲဖို့ ပထမအကြိမ် ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် ငလျင်ဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ဆိုပြီး ဧပြီ လ ၂၂ ရက် ကနေ ၃၀ ရက်နေ့အထိ အပစ်ခတ်ရပ်စဲကာလ သက်တမ်းတိုး ကြေညာခဲ့တာပါ။

လက်ရှိမှာလည်း ငလျင်ဒဏ်သင့် ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အပြင် ၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်ဖို့ နဲ့ ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ ဒီကနေ့ မေလ ၆ ရက်နေ့ကနေ ၃၁ရက်နေ့အထိ ပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့် လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့်လည်း စစ်ကောင်စီက တော်လှန်ရေးတပ်အများစု စိုးမိုးနယ်မြေတွေမှာ နေ့စဥ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်လျက်ရှိနေပါတယ်။

ဒါ့အပြင် အပစ်ရပ်ကြေညာထားတဲ့ ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလကုန်အထိ ရှမ်း-ကရင်နီ နယ်စပ်အပါအဝင် ကရင်နီပြည်မှာ စစ်ကောင်စီ ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၂၀ ကျော် ထိခိုက်ခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်းကိုလည်း ကန္တာရဝတီတိုင်(မ်) ရဲ့ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

ကြေညာထားတဲ့ အပစ်ခတ်ရပ်စဲကာလအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အများပြည်သူသုံး ဆက်သွယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်တာ ၊ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးမှုတွေ မလုပ်ဖို့ ကြေညာထားပြီး အဆိုပါ တားမြစ်ချက်တွေကို ဆောင်ရွက်လာလျှင် လိုအပ်တဲ့ တုန့်ပြန်မှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ