spot_img
21 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ငါးမျှားနေတဲ့ အမျိုးသားတစ်ဦး ထိမှန်သေဆုံး

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ငါးမျှားနေတဲ့ အမျိုးသားတစ်ဦး ထိမှန်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့မှာ စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ငါးမျှားနေတဲ့ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ယမန်နေ့ မေလ ၃၀ ရက်နေ့ ညနေ ၂နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ဓါတ်ပုံ – Mobye Local PDF

“၂နာရီကျော် ၂နာရီခွဲလောက်ပေါ့နော် ကျနော်လည်း ငါးသွားမျှားတာ။ ငါးသွားမျှားရင်းနဲ့ မကြာဘူး လွိုင်ကော်က ၂လုံး တက်တယ်ကွာ ။ ၂လုံးပဲထင်တာ ကျတဲ့အချိန် ၆ လုံးလောက် တပြိုင်တည်းဖြစ်နေတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦး ဆိုပါတယ်။

အဆိုပါ ထိမှန်သေဆုံးခဲ့သူ အမျိုးသားဟာ မိုးဗြဲမြို့အတွင်းက တစ်နေရာမှာ ငါးမျှားရင်း ထိမှန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ မိုးဗြဲ Local PDF ကလည်း ယမန်နေ့မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အခုလိုမိုးဗြဲမြို့မှာ မကြာခဏ လက်နက်ကြီးတွေ အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် သတိထားသွားလာကြဖို့ကိုလည်း မိုးဗြဲ Local PDF က အသိပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ