spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒီးမော့ဆို-မော်ချီး ကုန်ကားများသွားလာရေးအခက်တွေ့

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒီးမော့ဆို-မော်ချီး ကုန်ကားများသွားလာရေးအခက်တွေ့

-

ကန္တာရ၀တီတိုင်း(မ်)

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်ကစပြီး ကရင်နီပြည်ရဲ့ နေရာအနှံ့အပြားမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒီးမော့ဆို-မော်ချီးဖက်ကို ကုန်တင်ပြီး သွားလာကြတဲ့ သူတွေအတွက် ချောင်းရေကြီးတာ အပြင် လမ်းခရီးအဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေကြတယ်လို့ သိရပါတယ်။

“ရေတော်တော်ကြီးတယ်။ အခုတောင် ဟို့ဖက်ကမ်းမှာ လူတွေ အများကြီး ကျန်ခဲ့တယ်။ ငါတို့ဆို ကားကူးလို့တော့ရတယ်။ ဖောင်လဲကူးလို့မရ ဘာကူးမရနဲ့ ကား ပီပါပုံးနဲ့ကူးတာ။ ပစ္စည်းက ဟို့ဖက်ကမ်းမှာကျန်ခဲ့တော့ ခြေလျင်နဲ့ပြန်လျှောက်။ အောက်လမ်းမှာ စက်လှေနဲ့ပြန်ကူးတာ။” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

အဆိုပါ ကားသမားဟာ ဒီးမော့ဆို ကနေ မော်ချီး‌ကိုရောက်ဖို့ သူဟာ လမ်းမှာ (၅)ည အိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ တချို့ကုန်ကားတွေကတော့ လက်ရှိအချိန်ထိ မသွားလာနိုင်သေးတဲ့ အခြေအနေတွေရှိတယ်လို့ ဆိုပါတယ်။

မိုးရွာပြီး ဗွက်ထူလို့ ကားတွေသွားမရတဲ့ နေရာမျိုးမှာ ထွန်စက်နဲ့ ဆွဲခိုင်းရပြီး ပေတစ်ရာ အကွာအဝေးအတွက် ထွန်စက်ဆွဲခကို ကုန်ကားအပေါ်မူတည်ပြီး တစ်သိန်းကနေ လေးသိန်းအထိ ပေးဆောင်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“တခြားနေရာမှာတော့ ချိန်းပတ်နဲ့တော့ အဆင်ပြေပါတယ်။ မိုးတွင်းရောက်ရင် ကုန်တင်ရမှာလေ။ တခြားတော့ ကိုယ်က အဲ့လောက်မပြောလိုပါဘူး။ လုပ်လည်း အဆင်မပြေဘူးလေ ဒီအခြေနေနဲ့ဆို။”လို့ ‌ကားသမားတစ်ဦးက ပြောပါတယ်။

နှစ်စဉ် မိုးရာသီကာလအတွင်း ဒီးမာ့ဆို – မော်ချီး သွားလာတဲ့လမ်းဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ကြန့်ကြာတာကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ အဓိက ဆက်သွယ်သွားလာတဲ့ လမ်းတချို့ကို ပြန်လည်ပြုပြင်စေလိုကြောင်း ခရီးသွားလာသူတွေက တောင်းဆိုထားကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ