spot_img
24 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဖယ်ခုံအရှေ့ခြမ်းရှိ နမ့်မိုင်းချောင်း ရေလျှံကာ ဒေသခံတွေရဲ့ စိုက်ခင်းတချို့ နစ်မြှုပ်

ဖယ်ခုံအရှေ့ခြမ်းရှိ နမ့်မိုင်းချောင်း ရေလျှံကာ ဒေသခံတွေရဲ့ စိုက်ခင်းတချို့ နစ်မြှုပ်

-

ကန္တာရ၀တီတိုင်း (မ်)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်း၊ လွယ်ပေါကျေးရွာအုပ်စုအတွင်းက ကျေးရွာတစ်ရွာရဲ့အနီးမှာရှိတဲ့ နမ့်မိုင်းချောင်း ရေလျှံမှုကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ ပြောင်းခင်းနဲ့ စပါးခင်းထဲ ရေ၀င်ပြီး တချို့အခင်းတွေ နစ်မြှုပ်သွားတယ် လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ ချောင်းရေ မြှင့်တက်လာတယ်လို့ ဆိုပါတယ်။

“မိုးထပ်ရွာမယ်ဆို အဲ့လောက်မကဘူး။ ဒီဖက်ကျော်လာတယ်(ရွာထဲ)။ ရွာတွေထဲ ရေ၀င်လို့ ရေကြီးတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

နမ့်မိုင်းချောင်း(ဒေသအခေါ်အဝေါ်) ရေလျှံမှုက လမ်းမကြီးထိ ရောက်လုနီး ဖြစ်သလို ကျေးရွာထဲကိုလဲ ရေ၀င်ရောက်မှုရှိနေပြီ ဖြစ်ပါတယ်။ ရေ၀င်ရောက်မှုကြောင့် ရွာထဲက စပါးတွေနဲ့ပစ္စည်းတချို့လဲ ရေထဲမျှောပါသွားတယ်လို့လည်း သူကဆက်ပြောပါတယ်။

“အခက်ခဲရှိတယ်ပေါ့။ရေဝင်မယ်ဆိုပစ္စည်းတွေ ဘာတွေ ရေမျှောသွားလေ့ရှိတယ်။ ဈေးဆိုင် (အသေး)တွေဘာတွေ ရေမျှောတာလဲရှိတယ်။ စပါးတွေကော” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ချောင်းရေလျှံကာ ဒေသခံတွေရဲ့ ပြောင်းခင်း ၊ စပါးခင်း အများအပြား နစ်မြှုပ်ပျက်စီးမှုရှိခဲ့ပါသေးတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ