spot_img
21 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဇွန်လတစ်လအတွင်း ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ်(၆၂၆) တပ်ရင်းက ရဲဘော် ၂ ဦးကျဆုံး

ဇွန်လတစ်လအတွင်း ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ်(၆၂၆) တပ်ရင်းက ရဲဘော် ၂ ဦးကျဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ဇွန်လ တစ်လအတွင်းမှာ ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကလလတ အမှတ်(၆၂၆) တပ်ရင်းက ရဲဘော် ၂ ဦးကျဆုံး ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးဟာ ဒု-တပ်ခွဲမှူး ရဲဘော်ရိုဘဲတို နဲ့ တပ်သား ရဲဘော်သော်ဇေယံ ဖြစ်ပြီး
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ပြန်လည်စတင်တဲ့ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် သော်ဇေယံဟာ အခြားတပ်စုတစ်ခုကနေ ကလလတ အမှတ်(၆၂၆) တပ်ရင်းအတွင်းကို ရွှေ့ပြောင်းလာတာ လပိုင်းသာ ရှိသေးပြီး ကျဆုံးခဲ့တာလို့ ကလလတ အမှတ်(၆၂၆) တပ်ရင်းက တာဝန်ရှိသူတစ်ဦးဆီကနေ သိရပါတယ်။  

“ကျဆုံးသွားတဲ့ရဲဘော် သော်ဇေယံ တာဝန်ထမ်းဆောင်တဲ့ကာလ ကတော့ ကြာပါပြီ။ အရင်ကသူက တခြားတပ်တစ်ခုကပါ ကျွန်တော်တို့ တပ်ရင်း ၆၂၆ကိုပြောင်းလာတာတော့မကြာသေးပါဘူး။ လပိုင်းပဲရှိဦးမယ် ဖားဆောင်းတိုက်ပွဲမှာ ကျခဲ့တာပါ။” လို့ ကလလတ အမှတ်(၆၂၆) တပ်ရင်းက တာဝန်ရှိသူတစ်ဦးဆီက ဆိုပါတယ်။  

ဒုတပ်ခွဲမှူး ရဲဘော်ရိုဘဲတို ဟာ ဇွန်လ ၂၇ ရက်နေ့မှာ ကျဆုံးခဲ့ပြီး ရဲဘော်သော်ဇေယံကတော့ ဇွန်လ ၂၆ ရက်နေ့မှာ ကျဆုံးခဲ့တာပါ။

တော်လှန်ရေးစတင်ချိန်ကစပြီး ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကလလတ အမှတ်(၆၂၆) တပ်ရင်းအတွင်းမှာ ကျဆုံး ရဲဘော် (၂၂) ဦး ရှိခဲ့ပြီလို့လည်း တပ်ရင်းတာဝန်ရှိသူဆီကနေ သိရပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ် နဲ့ ကယန်းဒေသအတွင်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆လအတွင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ( ၁၂၇ ) ဦးရှိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ