spot_img
17.3 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမြန်မာနိုင်ငံအတွင်းက ဒေသ (၈)ခုမှာ ဇွန်လတစ်လအတွင်း သေဆုံးခဲ့သူ အမျိုးသမီး ၃၄ ဦးရှိခဲ့

မြန်မာနိုင်ငံအတွင်းက ဒေသ (၈)ခုမှာ ဇွန်လတစ်လအတွင်း သေဆုံးခဲ့သူ အမျိုးသမီး ၃၄ ဦးရှိခဲ့

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံအတွင်းက ဒေသ(၈) ခုမှာ ပြီးခဲ့တဲ့ ဇွန်လ တစ်လအတွင်း သေဆုံးခဲ့သူ အမျိုးသမီး (၃၄) ဦးရှိခဲ့တယ်လို့ ယမန်နေ့ ဇူလိုင်လ (၁၀) ရက်နေ့မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ သေဆုံးခဲ့သူ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၈) ဦး၊ လက်နက်ကြီးကြောင့် (၁၁) ဦး၊ ကျည်ထိမှန်မှုကြောင့် (၂) ဦး၊ သတ်ဖြတ်ခံရသူ(၁)ဦး၊ မြေမြုပ်မိုင်းကြောင့် (၂) ဦး စုစုပေါင်း ၃၄ ဦး သေဆုံးခဲ့တာပါ။

သေဆုံးခဲ့သူ (၃၄) ဦးမှာလည်း အသက်(၁၈) နှစ်အောက် (၄) ဦးပါတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြာထားပါတယ်။
ဒါ့အပြင် တစ်လအတွင်း ထိခိုက်ဒဏ်ရာရသူ (၄၉) ဦးအထိ ရှိပါတယ်။

ထုတ်ပြချက်စာရင်းအရ ဒေသ(၈)ခုမှာတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း နဲ့ ကရင်ပြည်နယ်တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးမှုအများဆုံးဖြစ်ပါတယ်။

ကရင်နီပြည်မှာတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လ ၉ ရက်နေ့အထိ ၇ လကျော်အတွင်း အမျိုးသမီး သေဆုံးသူ ၁၂ ဦးရှိခဲ့တယ်လို့လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ