spot_img
19 C
Loikaw
Thursday 19, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမှာ စစ်ကောင်စီတပ်က ကင်းရှည်ထွက်ယူပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းမှုရှိနေ

ဖရူဆိုမှာ စစ်ကောင်စီတပ်က ကင်းရှည်ထွက်ယူပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းမှုရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ဇွန်လနဲ့ ဇူလိုင်လ အတွင်းမှာ ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းမှာရှိတဲ့ အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းနဲ့ အမှတ် ၅၃၁၊ ၄၂၈ တပ်စခန်းတွေအတွက် စစ်ကောင်စီက လေယာဥ်နဲ့ ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေကို လာရောက်ဖြည့်တင်းထားတယ်လို တော်လှန်ရေး သတင်းအရင်းအမြစ်ဆီကနေ သိရပါတယ်။

“၁၄ တပ်နဲ့ ဖရူဆို (၅၃၁)(၄၂၈)မှာ ပစ္စည်းတွေ လာချသွားတာရှိတယ်၊ လေယာဉ်နဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းပေါ့ လူတော့ မချသွားဘူး။”လို့ အဆိုပါ တော်လှန်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့မှာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ဖြည့်တင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လလယ် လောက်မှာလည်း တကြိမ် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ဖြည့်တင်းခဲ့တာရှိတယ်လို့လည်း အဆိုပါသတင်းအရင်းအမြစ်က ပြောပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိပေမဲ့ ဖရူဆိုမြို့နဲ့ ထီးကလူဒေါကျေးရွာတွေမှာ ကင်းလှည့်ကာ ကင်းရှည်တွေယူထားသလို သွားလာလှုပ်ရှားမှု ရှိနေဆဲလို့လည်းသူကပြောပါတယ်။။

” မြိုထဲမှာတော့ သူတိုရပ်ကွက်တွေထဲ ပုံမုန်ကင်းလှည့်ပါတယ်၊ ထီးကလူဒေါဘက်တော့ အရင်သူတို့နေရာဟောင်းဘက် ဝင်လိုက်ထွက်လိုက် လုပ်နေတယ်”လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာလည်း နေအိမ်ပြန်လာကြည့်တဲ့ ဒေသခံ သုံးဦးမှာ ပစ်ခတ်ခံရပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဖမ်းဆီးခံရပါတယ်။

ဖရူဆိုမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်တွေက ကင်းရှည်ထွက်ယူနေတာကို မေလကတည်းက တွေ့မြင်နေရပြီး မြိုပြင်ထိ လမ်းပိတ်ထားတာတွေ၊ နင်းမိုင်းတွေ ထောင်ထားတာမျိုးလည်း လုပ်နိုင်တယ်လို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဖရူဆိုမြိုနယ်အတွင်းမှာတော့ ခမရ (၅၃၁)၊ ခလရ (၄၂၈)၊ မြို့မရဲစခန်း၊ အမှတ် (၁၄) တန့်မြှင့်လေးကျင့်ရေးကျောင်း စတဲ့ တပ်စခန်းတွေ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ