spot_img
14.5 C
Loikaw
Saturday 3, January 2026
spot_img
Homeသတင်းဦးနှောက်အမြှေးပါးရောင်ရမ်းတာကြောင်း ၈တန်းကျောင်းသားတစ်ဦး ရုတ်တရက်သေဆုံး

ဦးနှောက်အမြှေးပါးရောင်ရမ်းတာကြောင်း ၈တန်းကျောင်းသားတစ်ဦး ရုတ်တရက်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြိုနယ်၊ လျားမိုး စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသား တစ်ဦးဟာ ဒီးမော့ဆိုမြိုနယ်မှာ ကျောင်းသွားတက်နေရင်း ဦးနှောက်အမြှေးပါးရောင်ရမ်းပြီး ရုတ်တရက်သေဆုံးခဲ့တယ်လို ဆွေမျိုးနီးစပ်သူတွေက ဆိုပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၂ နာရီမှာ ဆေးရုံမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

“သူက သိပ်ပြီးတော့ ဖျားလေ့မရှိဘူး၊ သူအဲမှာသွားနေတော့ အဖျားကြီးတယ်တော့ ပြောတယ်၊ ဖျားနေတယ်ဆိုပြီး အိမ်ကိုပြောပြလာတော့ အစာစားရင် ပြန်အန်တယ်၊ မုန့်စားလည်း အန်တယ် ပြောတော့ ဆေးခန်းသွားပြီး သွေးစစ်တာ တစ်ခုမှ သွေး မအောင်တော့ဘူး ဆရာဝန်က ပြောတော့ ဦးနှောက်ထဲထိ ပိုးဝင်သွားတယ်ပြောတယ်၊ ဦးနှောက်မြေးပါး ရောင်ရမ်းတာကြောင့် သေဆုံးရတယ်လို့ ဆရာဝန် မှတ်ချက်ပေးတယ်။” လို့ ဆွေမျိုးနီးစပ်သူက ဆိုပါတယ်။

အဆိုပါ ကျောင်းသားဟာ ဆေးခန်းရောက်တာနောက်ကျသလို သောက်ရမယ့် ဆေးတွေ မသိတာတွေကြောင့် သေဆုံးသွားတာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

“ဆရာဝန်တွေက ဆေးစစ်တာ တစ်ခုခုများ ကိုက်နေလား ဆိုပြီး စစ်တဲ့ အခါမှာတော့ အပေါ်နားမှာ အနာတစ်ခုရှိတယ်၊ အဲတာကနေ တဆင့် ပိုးပွားတာ ဦးနှောက်ထဲ ရောက်သွားတာ ဆိုပြီး ပြောတယ်၊ ဒီအနာကြောင့်ဖြစ်မယ်လည်း ပြောတာပေါ့နော” လို့ ဆွေမျိုးနီးစပ်သူက ဆက်ပြောပါတယ်။

အဆိုပါ သေဆုံးသူ ၈ တန်း ကျောင်းသားဟာ မိသားစု ၆ ဦးထဲက အကြီးဆုံးသားဖြစ်ပြီး ဖရူဆိုမြို့နယ် လျားမိုးစစ်ရှောင်စခန်းမှာ နေထိုင်သူဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ