spot_img
23 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည်က စာသင်ကျောင်းတစ်ကျောင်းမှာ လေကြောင်းအန္တရယ်နဲ့ မိုင်း၊ ငလျင် အသိပညာပေး သင်တန်းပြုလုပ်

ကရင်နီပြည်က စာသင်ကျောင်းတစ်ကျောင်းမှာ လေကြောင်းအန္တရယ်နဲ့ မိုင်း၊ ငလျင် အသိပညာပေး သင်တန်းပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

မနေ့က (ဇူလိုင်လ (၁၉)ရက်နေ့)မှာ ကရင်နီပြည်က စာသင်‌‌ကျောင်းတစ်ကျောင်းမှာ မိုင်း၊ငလျင်နဲ့ လေကြောင်းအန္တရယ်အသိပညာပေး သင်တန်းကို ပျက်စီးဆုံးရှုံးနိုင်ခြေလျော့ချရေး လှုပ်ရှားမှုအဖွဲ့ Risk Reduction Initiatives (RRI)က ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့ သင်တန်းပေးရတဲ့ ရည်ရွယ်ချက်က ကျောင်းတက်နေကြတဲ့ ကျနော်တို့ ညီငယ် ညီမငယ်တွေ သူတို့ ဘေးကင်းလုံခြုံဖို့ ရည်ရွယ်ချက် သက်သက်နဲ့ သင်တန်းပို့ချရခြင်းပဲဖြစ်ပါတယ်။”လို့ (RRI) ရဲ့ တာဝန်ခံ ဒါရိုက်တာက ကို ပီးပီက ဆိုပါတယ်။

ပျက်စီးဆုံးရှုံးနိုင်ခြေလျော့ချရေး လှုပ်ရှားမှုအဖွဲ့ (RRI) ဟာ ယခုလို သင်တန်းပို့ချတာအပြင် ကရင်နီပြည်ရှိကျောင်းတွေမှာ လေယာဉ်အချက်ပေး စနစ်တွေ တပ်ဆင်ပေးတာ၊ လူသွားလူလာများတဲ့ နေရာ စစ်ရှောင်စခန်းတွေမှာ လေကြောင်းရန်၊ မြေမြုပ်မိုင်းရန် ကာကွယ် ရေးနဲ့ ဆိုင်တဲ့ ပိုစတာတွေ ကပ်ပေးတာတွေကိုလဲ လုပ်ဆောင်ပေးတာရှိပါတယ်။

ယခင်က လေ‌ကြောင်းရန်ကာကွယ်ရေး သင်တန်းတွေကို သာ အဓိကပို့ချခဲ့ပေမဲ့ ယခုအချိန်မှာတော့ လူထုတွေ လိုအပ်တဲ့ မိုင်း နဲ့ ငလျင် ရန်က ကာကွယ်ရေး အကြောင်းအရာတွေကိုပါ ဖြည့်စွက်သင်တန်းပေးဖြစ်တယ်လို့လဲ သူက ဆက်ပြောပါတယ်။

“သင်တန်းက အဓိကထားတာက လေကြောင်းပေါ့။ လေ‌ကြောင်းအန္တရာယ်ကို လျော့ချဖို့ရန်ဖြစ်တယ်။ သို့ပေမဲ့လဲ တခြား သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ မြေငလျင်ရယ်၊ လူလုပ်သော ဒီ လေကြောင်းရယ် မိုင်းရယ် စသဖြင့်သင်တန်းဖို့ချခဲ့ပါတယ်။” (RRI) ရဲ့ တာဝန်ခံ ဒါရိုက်တာက ကိုပီးပီ က ဆိုပါတယ်။

Risk Reduction Initiatives(RRI) ကနေပြီး‌ တော့ လေကြောင်းအချက်‌‌ပေးစနစ်ကို ကရင်နီပြည်ရှိ ကျောင်းပေါင်း(၇၀)မှာ တပ်ဆင်ထားပေးခဲ့ပြီးဖြစ်ပြီး သင်တန်း အကြိမ်ပေါင်း (၁၀၀)ဝန်းကျင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်၊ မော်ချီးဒေသကို ယခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်အထိပြုလုပ်ထားသလို တခြားမြို့နယ်တွေက အရပ်သားရှိရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ပြုလုပ်နေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ