spot_img
21 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေအက်ကွဲမှုတွေဖြစ်ပြီး ခရီးသွားလာဖို့အပြင် တချို့နေအိမ်အတွက် စိုးရိမ်ရဟုဆို

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေအက်ကွဲမှုတွေဖြစ်ပြီး ခရီးသွားလာဖို့အပြင် တချို့နေအိမ်အတွက် စိုးရိမ်ရဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ခြမ်းက ကယောဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းပြီးတဲ့နောက် လမ်းမကြီးတွေမှာ မြေအက်ကွဲတာတွေ ဖြစ်လာပြီး လူထုတွေ ခရီးသွားလာဖို့ အပြင် လူထုနေအိမ်တချို့အတွက်လဲ စိုးရိမ်စရာတွေဖြစ်စေတယ်လို့ ကယောလူငယ်အဖွဲ့အစည်းဆီကနေ သိရပါတယ်။

ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ကယောလူငယ်အဖွဲ့အစည်းကနေ ကွင်းဆင်းလေ့လာခဲ့ရာ အခုလို အခြေအနေကို မြင်တွေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းပြီးတဲ့နောက်မှာ မြေပြိုတာ၊ ကတ္တရာလမ်းတွေကျွံကျတာ၊ လမ်းအက်ကွဲမှု တွေ ဖြစ်လာတာကို တွေ့ရှိရတယ်လို့ ကယောလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပျက်စီးမှုတွေကြောင့် မြေကျွံကျမှုနဲ့ ဆက်စပ်ပြီး ကားဖြင့် ခရီးသွားလာတာတွေအတွက် စိုးရိမ်ရသလို မြေအက်ကွဲမှုတွေကြောင့် တချို့နေရာက လူထုနေအိမ်အတွက်လဲ စိုးရိမ်စရာတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ အခုလို မြေပြိုတာ ၊ လမ်းပျက်စီးတာ၊ မြေအက်ကွဲတာတွေ ဖြစ်ခဲ့ပြီး လူထုနေအိမ် ပျက်စီးမှုတွေ ရှိခဲ့သလို တချို့မှာလဲ ရွှေ့ပြောင်းရတာတွေ ရှိခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ