spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းစစ်ကောင်စီကရွေးကောက်ပွဲ ကျင်းပဖို့ စိတ်တိုင်းကျ စီစဥ်နေတာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာ တားမြစ်ရာရောက်တယ်လို့ IPCM ပြော

စစ်ကောင်စီကရွေးကောက်ပွဲ ကျင်းပဖို့ စိတ်တိုင်းကျ စီစဥ်နေတာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာ တားမြစ်ရာရောက်တယ်လို့ IPCM ပြော

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီကနေ အုပ်ချုပ်ရေးအသစ်ကို ဖွဲ့စည်းပြီး စိတ်တိုင်းကျ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဥ်နေတာဟာ သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်တွေကို ပြင်းထန်စွာ တားမြစ်ရာရောက်တယ်လို့ ဒီကနေ့ ဩဂုတ်လ (၈) ရက်နေ့မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အသိပေးထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး “အာဏာသိမ်း စစ်အုပ်စုကနေ ကြေညာထားတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ကာကွယ်ပေးရေး ဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကို ပြင်းထန်စွာ တားမြစ်ထားတယ်”လို့ IPCMရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အကျိုးမရှိ ဘဲ နိုင်ငံတော်အာဏာကို လွှမ်းမိုးရန် နဲ့ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက်သာ ရည်ရွယ်နေကြောင်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံ တွေရဲ့ သတင်းအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာကောင်စီတွေဆီ စေလွှတ်ပြီး ကြိုးစားစည်းရုံးနေတာကလည်း မြန်မာနိုင်ငံမှာရှိတဲ့ လွတ်လပ်သောသတင်းမီဒီယာတွေအတွက် စိန်ခေါ်မှုကြီးဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖာ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ရက်နေ့မှာ စစ်အုပ်စု ကနေအသက်သွင်းခဲ့တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေဟာလည်း မြန်မာ ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး (Digital Rights)တွေကို ချိုးဖောက်တာ၊ နိုင်ငံရေးအတိုက်အခံတွေ ကို စောင့်ကြည့်ထောက်လှမ်းတာနဲ့ သတင်းမီဒီယာသမားတွေ တိုင်းရင်းသားပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားဖြန့်ချိရေးကို အရေးယူနိုင်ရန်အတွက် လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ထားတဲ့ ဥပဒေဖြစ်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်တယ်လို့ IPCM ဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ