spot_img
24 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဒီးမော့ဆိုမှာ စစ်​ကောင်စီရဲ့ ပစ်ခတ်မှု​ကြောင့် အရပ်သားနှစ်ဦး ​သေဆုံး

ဒီးမော့ဆိုမှာ စစ်​ကောင်စီရဲ့ ပစ်ခတ်မှု​ကြောင့် အရပ်သားနှစ်ဦး ​သေဆုံး

-

ကန္တာရ၀တီတိုင်း (မ်)

စစ်​ကောင်စီရဲ့လက်နက်ငယ်ဖြင့် ပစ်ခတ်မှု​ကြောင့် ဒီး​မော့ဆိုမြို့​ပေါ်အတွင်းမှာ အရပ်သားနှစ်ဦးက မ​နေ့က သြဂုတ်လ ၈ ရက်​နေ့မှာ ​သေဆုံးသွားခဲ့တယ်လို့ IEC က​ ပြောပါတယ်။

“မ​နေ့ကအထိ​တော့ နှစ်ဦး​​ပေါ့​နော်။ တစ်ဦးအ​လောင်းကို​တော့ ရတယ်။ နှစ်ဦးပစ်ခတ်​သေဆုံးတယ်​ပေါ့​နော်။” လို့ IEC အ​တွင်း​ရေးမှူး ၂ ဦးဗညားက​ ပြောပါတယ်။

ဒီး​မော့ဆိုအ​ရှေ့ခြမ်း ပါ​ဒေါဒူ​ကျေးရွာအနီးကို​ ရောက်ရှိလာတဲ့ စစ်​ကောင်စီတပ်သား​တွေက ပစ်ခတ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

တရက်တည်းမှာပဲ ဒီး​မော့ဆိုအ​ရှေ့ဖက်ခြမ်းက​နေ အ​နောက်ဖက်ခြမ်းကို ဖြတ်ကူးလာတဲ့ ​ဒေသခံ ကားကိုလည်း ဖမ်းဆီးမှုရှိခဲ့တယ်လို့ ဦးဗညားက​ ပြောပါတယ်။

“မ​နေ့ကထဲကပဲ။ ကားလမ်းကိုဖြတ်ကူးတဲ့အတွက်​ကြောင့်မို့လို့ တစ်ချို့ရွာခံ​ပေါ့​နော်။ ၁၅ ဦး​လောက်က အဖမ်းခံရတယ်။ ဒါ​ပေမဲ့ ပြန်လွှတ်လာပြီလို့​တော့ကြားရတယ်” လို့ ဦးဗညားက ဆက်ပြောပါတယ်။

ဒီး​မော့ဆိုအ​ခြေစိုက် ခလရ ၁၀၂ တပ်က စစ်​ကောင်စီတပ်သား​တွေက ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်​နေ့က လှုပ်ရှားမှုရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ​တော့ ​ဆည်​မြောင်း၊ ပါ​ဒေါဒူ​ကျေးရွာ အထိ​ရောက်ရှိလာပြီဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့​တွေဆီကနေ သိရပါတယ်။

လူထု​တွေအနေနဲ့ စစ်​ရေးကို သတိရှိဖို့လိုပြီး သက်ဆိုင်ရာ အုပ်ချုပ်​ရေးအဖွဲ့​တွေရဲ့ လမ်းညွှန်မှုအတိုင်း ​နေဖို့ကိုလည်း တပ်ရင်းတပ်ဖွဲ့​တွေက သတိ​ပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ