spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဒီးမော့ဆို အနောက်ခြမ်းမှာ ဆိုင်ခန်း၂ခုကို ကားဝင်တိုက်

ဒီးမော့ဆို အနောက်ခြမ်းမှာ ဆိုင်ခန်း၂ခုကို ကားဝင်တိုက်

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (သြဂုတ်လ (၁၂)ရက်နေ့) ည (၁၁)ခွဲ ချိန်မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက ကုန်စုံဆိုင်နဲ့ သစ်သီးဆိုင်ခန်း နှစ်ခုကို ကားတစ်စီးက ဝင်တိုက်မိခဲ့တာကြောင့် ဆိုင်ခန်းနဲ့ ကုန်ပစ္စည်းတွေ ပျက်စီးခဲ့ပါတယ်။

“၁၁ခွဲလောက်မှာ တိုက်တယ်။ ဒီဖက်ဆိုလဲပါတယ်။ နှစ်ဆိုင်လုံးပေါ့။ အရှိန်ကတော့ တော်တော်ပြင်းတယ်။ ဝါလုံးတဲနဲ့ ဆောက်ထားတာဆိုတော့ ကားတော့ မနာဘူး။ မီးလုံးတစ်လုံးပဲ ကွဲတယ်။”လို့ ဆိုင်ရှင်က ပြောပါတယ်။

ဖြစ်စဉ်မှာ လူအထိအခိုက်မရှိဘူးလို့လည်းသိရပါတယ်။
အဆိုပါနေရာမှာ ယာဉ်တိုက်မှုတွေမကြာခနဖြစ်ပွားလေ့ရှိသလို ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့တုန်းကလဲ ဆိုင်ကယ်တစ်စီးက ကားကို အနောက်က ဝင်တိုက်တာ ဖြစ်ခဲ့သေးတယ်လို့လဲ မျက်မြင်တွေသူတွေက ပြောပါတယ်။

အခုလို ပြသာနာတွေ နောက်မဖြစ်စေဖို့ ကားတွေ ဆိုင်ကယ်တွေ ဖြည်းဖြည်းမောင်းကြဖို့ကိုလဲ ဆိုင်ရှင်က အခုလိုပြောပါတယ်။

“သူဖက်ကိုယ့်ဖက် နှစ်ဦးနှစ်ဖက် သူလဲအန္တရာယ်ကင်း ကိုယ်လဲ အန္တရာယ်ကင်း ဖြည်းဖြည်းမောင်းတာက အကောင်းဆုံးပေါ့”လို့ ဆိုပါတယ်။

ယခုအချိန်မှာတော့ ကရင်နီပြည်ရဲတပ်ဖွဲ့ KSP တာဝန်ရှိသူတွေက က ဆိုင်ရှင်တွေနဲ့ ကားသမား အကြားပြေပြေလည်လည် ဖြစ်စေရန် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ