spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းတရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ခံရတဲ့ မော်ချီးဒေသမှာ လူထိခိုက်မှုအပြင် နေအိမ်ထိခိုက်မှုများ

တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ခံရတဲ့ မော်ချီးဒေသမှာ လူထိခိုက်မှုအပြင် နေအိမ်ထိခိုက်မှုများ

-

ကန္တာရဝတီတိုင်း (မ်)

ဒီကနေ့ သြဂုတ်လ ၁၇ ရက် မနက် ၇ နာရီ ၄၅ မိနစ် ဝန်းကျင်နဲ့ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ခံရတဲ့ မော်ချီးဒေသမှာ လူအထိအခိုက်အပြင် နေအိမ်နဲ့ ဆေးရုံထိခိုက်ပျက်စီးမှုလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူ(စစ်ကောင်စီ) ပစ်တာက တိုက်နယ်ဆေးရုံဆို‌တော့ ဆေးရုံတော့ တော်တော် ပျက်သွားတယ်ပေါ့နော။ လူကတော့ နှစ်ယောက်ထိသွားတယ်။နောက်ထပ်ပစ်တာကတော့ လူနေအိမ်တွေ တော်တော်ထိသွားတယ်။ အထိခိုက်လည်း တော်တော်များတယ်ပြောတယ်” လို့ မော်ချီးဒေသခံတစ်ဦးက ပြောပါတယ်။

ပထမအကြိမ် ပစ်ခတ်မှုကြောင့် ထိခိုက်သွားတဲ့ တိုက်နယ်ဆေးရုံက အဆောက်အဦးဟောင်းသာဖြစ်ပြီး လူနေထိုင်မှုမရှိဘူးလို့သိရပါတယ်။ ဆေးရုံအနီးနားမှာရှိတဲ့ ဒေသခံ နှစ်ဦး ထိခိုက်သွားတာဖြစ်တယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

ဒုတိယအကြိမ် ပစ်ခတ်မှုမှာတော့ လူနေအိမ်ပျက်စီးမှု များခဲ့ပြီး ဒေသခံ ထိခိုက်မှုအရေအတွက်ကိုတော့ အတိကျမသိရသေးဘူးလို့ဆိုပါတယ်။

လတ်တလော ဒေသခံလူထုတွေနဲ့ အဆက်သွယ်ပြတ်တောက်‌နေတာကြောင့် အထိအခိုက်၊ ပျက်စီးမှု စာရင်းကို ကန္တာရဝတီတိုင်း (မ်) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကော်မရှင် တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မော်ချီးဒေသကို‌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်အထိ ရှိလာပြီဖြစ်ပြီး ခဲကျင်းလုပ်သားတစ်ချို့လည်း နေရပ်ပြန်သွားကြတယ်လို့သိရပါတယ်။ ဒေသခံတချို့လည်း ပြောင်းရွေ့တိမ်းရှောင်ခဲ့ကြရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ