spot_img
12.2 C
Loikaw
Saturday 3, January 2026
spot_img
Homeသတင်းမိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေလျှံတာကြောင့် စစ်ရှောင်အိမ်တချို့နဲ့ စိုက်ခင်းရေနစ်မြှုပ်

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေလျှံတာကြောင့် စစ်ရှောင်အိမ်တချို့နဲ့ စိုက်ခင်းရေနစ်မြှုပ်

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဩဂုတ်လ (၂၅) ရက်နေ့ ညနေပိုင်း (၅)နာရီ ဝန်းကျင်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ ရုတ်တရက် လျှံလာတာကြောင့် ဟိုစဲမြို့ အနီးက စစ်ရှောင်‌တွေရဲ့နေအိမ်တချို့နဲ့ စိုက်ခင်းတချို့ ရေနစ်မြှုပ်သွားခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

“ရေက လေးနာရီခွဲ၊ ငါးနာရီလောက် မိုးစရွာပြီး ရေစကြီးတာပေါ့။ တို့ဒီဖက်က မိုးရွာပြီဆိုတာနဲ့ ရေကြီးရော။ ကျနော်တွေ့တာတော့ ကုန်းကျော်တံတားနဲ့ မိန်းလမ်း ရေလျှံသွားတယ်လေ။ ကားတို့ ဆိုင်ကယ်တို့တော့ သွားလို့ အဆင်မပြေဘူးပေါ့။ အိမ်ကတော့ နှစ်အိမ်၊ သုံးအိမ်လောက်ပေါ့။” လို့ စစ်ရှောင် တစ်ဦးက ပြောပါတယ်။

အခုလို ရုတ်တရက်ရေတက်လာတာကြောင့် စစ်ရှောင်တွေရဲ့ ဆိုင်ခန်းတွေထဲ ရေမဝင်ဖို့ တားဆီးလိုက်ရသလို ပစ္စည်းတွေလဲ အရေးပေါ် ရွှေ့လိုက်ရတယ်လို့လဲ သူက ဆက်ပြောပါတယ်။

ရေကြီးလာတာကြောင့် ဒေသခံတွေ စိုက်ထားတဲ့ စိုက်ခင်းနဲ့ လယ်ကွင်းတချို့လဲ ရေနစ်မြှုပ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တို့ နေတဲ့ဖက်တော့ သူများလယ်တွေ ပြောင်းဖူးပင်တွေ အခုမှ စိုက်ထားတဲ့ အပင်တွေပေါ့။ အိမ်အနောက်ဖက် လယ်ကွက်တော့ ရေဝင်သွားတယ်။ အဲ့နားမှာ သူများစိုက်ပျိုးရေးတွေ ဘာတွေ လုပ်ထားတော့ မြှုပ်တော့ မြှုပ်သွားတယ်” လို့ အဆိုပါဒေသခံတစ်ဦးက ဆိုပါတယ်။

ရေကြီးတာကြောင့် စစ်ရှောင် တဲနှစ်လုံး ရေနစ်မြှုပ်သွားပြီး တချို့ဆိုင်တွေက ပစ္စည်းတွေ အရေးပေါ် ရွှေ့ပြောင်းရတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ