Homeသတင်းထိုင်းအစိုးရက မြန်မာနယ်စပ်ဒုက္ခသည်တွေကို စက်မှုလုပ်ငန်းအပါအဝင် အလုပ်ရှစ်မျိုး တရားဝင်ခွင့်ပြုမည်

ထိုင်းအစိုးရက မြန်မာနယ်စပ်ဒုက္ခသည်တွေကို စက်မှုလုပ်ငန်းအပါအဝင် အလုပ်ရှစ်မျိုး တရားဝင်ခွင့်ပြုမည်

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို စက်မှုလုပ်ငန်းအပါအဝင် အလုပ်အကိုင် အမျိုးအစား ရှစ်မျိုးကို တရားဝင်လုပ်ကိုင်ခွင့်ပြုမယ်လို့ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း ကော်မတီဝင် က ပြောပါတယ်။

မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် ထိုင်းအစိုးရအဖွဲ့က မနေ့က သြဂုတ်လ ၂၅ ရက်မှာ အတည်ပြုလိုက်တာပါ။

“အလုပ်ရှစ်မျိုးကို လုပ်ခွင့်ပြုမယ်လို့ပြောတယ်” လို့ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း ကော်မတီဝင်တစ်ဦးက အတည်ပြု ပြောကြားပါတယ်။

ထိုင်းအစိုးရက တရားဝင်လုပ်ကိုင်ခွင့်ပေးတဲ့ အလုပ် ရှစ်မျိုးထဲမှာ လယ်၊ ခြံစိုက်ပျိုးရေးလုပ်ငန်း၊ အစားအစာ ထုတ်လုပ်ရေးလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ လက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကွန်ပျူတာ ပြုပြင်ရေးလုပ်ငန်း စတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။

လက်ရှိမှာတော့ ဒုက္ခသည်စခန်းအတွင်း အလုပ်လုပ်ကိုင်နိုင်တဲ့ လူဦးရေစာရင်းကို ကောက်ခံနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းရှိ ကမ္ဘောဒီးယားလုပ်သားတွေက နှစ်နိုင်ငံပဋိပက္ခကြောင့် နေရပ်ပြန်ကြတာဖြစ်ပြီး လုပ်သားအစားထိုးဖို့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် ၄၂၀၀၀ နဲ့ သီရိလင်္ကာရွှေ့ပြောင်းလုပ်သားတွေကို ခေါ်ယူမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ