spot_img
24.1 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းတစ်နှစ်အတွင်း အမှုပေါင်း ၁၆၄ ခုကို KSP အရေးယူ ဆောင်ရွက်ခဲ့

တစ်နှစ်အတွင်း အမှုပေါင်း ၁၆၄ ခုကို KSP အရေးယူ ဆောင်ရွက်ခဲ့

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်ရဲ (KSP) က ၂၀၂၄ ခုနှစ် သြဂုတ်လ ကနေ ဒီနှစ် သြဂုတ်လ အထိ အမှုပေါင်း ၁၆၄ ခုကို အရေးယူဆောင်ရွက်ခဲ့တယ်လို့ KSP ဖွဲ့စည်းခြင်းလေးနှစ်ပြည့်အစီရင်ခံစာမှာ ပြောထားပါတယ်။

စစ်ကော်မရှင်နဲ့ သက်ဆိုင်တဲ့အမှု၊ လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ မူးယစ်ရမ်းကားမှု၊ လူကိုထိခိုက်နာကျင်စေမှု၊ ပစ္စည်းထိခိုက်ပျက်စီးမှု၊ အိမ်တွင်းအကြမ်းဖက်မှု စတဲ့အမှုတွေကို အရေးယူဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

KSP က ကရင်နီပြည်တွင်း လူထုကတိုင်တန်းလာတဲ့အမှုတွေ အပြင် ပြစ်မှုကျူးလွန်သူတွေကို သက်သေအ‌ထောက်အထားစုစည်းပြီး ဥပဒေအကြုံပြုချက်တွေနဲ့အညီ တရားသူကြီးဆီ တရားစွဲဆိုတင်ပို့လျက်ရှိတယ်လို့လည်း ပြောထားပါတယ်။

လူဦးရေအများဆုံးနေထိုင်ကြတဲ့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာလည်း ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ မူးယစ်ယမ်းကားမှုတွေ အများဆုံးရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“မူးယစ်ဆေးဝါးက ခေတ်ကောင်းတဲ့ကာလမှာ ယောကျာ်းလေးတွေပဲသုံးတယ်ပေါ့နော။ ဒီခေတ်ပျက်နေတဲ့ကာလမှာတော့ ယောကျာ်းလေးတွေလည်းသုံးတယ်။ မိန်းမသားတွေလည်းသုံးလာတယ်။ သုံးလာတာမကဘူး။ အသက်မပြည့်သေးတဲ့ကလေးတွေလည်း တအားနဲ့ သုံးစွဲလာတယ်ပေါ့နော။ အဲကြောင့်မို့လို့ မူးယစ်ဆေးဝါးကို ထိထိရောက်ရောက်ကိုင်တွယ်ခိုင်းချင်တယ်ပေါ့နော။ လုံးဝအမြစ်ပြတ်ဆောင်ရွက်ခိုင်းချင်တယ်။ ဘာဖြစ်လဲဆို လူငယ်တွေ တအားဘဝပျက်နေတယ်ပေါ့နော။ အ‌ဒေါ်တို့မျက်စိရှေ့မှာတွေ့ရသလောက် ခက်ခဲကာလမှာဖြစ်တော့ ကိုယ့်ကလေးတွေကစ။ သူများကလေးတွေကစ တအားပျက်စီးနေတော့ မူးယစ်ဆေးဝါးမှု တိုက်တွန်းချင်တယ် အမြစ်ပြတ်ထိန်းသိမ်းပေးပေါ့”လို့ သူက ပြောပါတယ်။

အမှုတွေကို အရေးယူဆောင်ရွက်နေပေမယ့် ‌နယ်မြေဒေသအကျယ်အဝန်းအရ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အခက်အခဲ ကြုံနေရတယ်လို့လည်း ဆိုထားပါတယ်။

ကရင်နီပြည်ရဲ KSP က ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ပြည်ထဲရေးဌာနအောက်က ဌာနတစ်ခုဖြစ်ပြီး စတင်ဖွဲ့စည်းတဲ့ ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂၅ရက်နေ့ကစပြီး ဒီနှစ် သြဂုတ်အထိ အမှုပေါင်း ၆၄၁ မှုကို အရေးယူဆောင်ရွက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ