spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ဗန်းမောက်ကျေးရွာ စာသင်ကျောင်းအတွက် အရေးပေါ် အမိုးအကာ လိုအပ်

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ဗန်းမောက်ကျေးရွာ စာသင်ကျောင်းအတွက် အရေးပေါ် အမိုးအကာ လိုအပ်

-

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စုက ဗန်းမောက်ကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင်အတွက် အရေးပေါ် အမိုးအကာ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ နေ့လည် (၁) နာရီ ဝန်းကျင်မှာ မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် သွပ်မိုးနဲ့ ကျောင်းဆောင်မျက်နှာကျက်တွေ ပျက်စီးခဲ့တာဖြစ်ပါတယ်။

“ကျေးရွာထဲ ပြန်လာဖွင့်ထားတဲ့ ကျောင်းပေါ့နော်။ ကျောင်းက ၉ တန်းအထိဖွင့်ထားတယ်။ အဲ့ဒါ အမိုးတွေ ပျက်စီးသွားလို့ ကျောင်းအတွက် အရေးပေါ် မိုးဖို့ မိုးကာတွေ လိုအပ်နေပါတယ်။” လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ တစ်ဦးက ဆိုပါတယ်။

အဆိုပါ ပျက်စီးသွားတဲ့ ကျောင်းဟာ အခြေအနေအရ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့မှာပဲ အခြားသောကျောင်းတွေထက် နောက်ကျပြီး ဖွင့်လှစ်ခဲ့ရတာပါ။ နောက်ကျဖွင့်လှစ်ထားသလို သဘာဝဘေးအန္တရာယ်ကြောင့် အခုလို ထပ်မံ ပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

လတ်လောမှာ စာသင်ကျောင်းကို ပိတ်ထားရပြီး ကျောင်းသားတွေ သင်ယူလေ့လာမှု နှောင့်နှေးသွားနိုင်တာကြောင့် အမိုးအကာအတွက် ပါဝင်ကူညီပေးကြဖို့ကိုလည်း အကူအညီတောင်းခံထားပါတယ်။

စာသင်ကျောင်းကို ၉ တန်းအထိဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း ၁၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ