spot_img
24.1 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းထိုင်းအစိုးရရဲ့ အလုပ်လုပ်ကိုင်ခွင့်မူဝါဒအတွက် တိကျတဲ့လုပ်ငန်းစဥ် မျှော်လင့်နေသေးကြောင်း KnRC ဆို

ထိုင်းအစိုးရရဲ့ အလုပ်လုပ်ကိုင်ခွင့်မူဝါဒအတွက် တိကျတဲ့လုပ်ငန်းစဥ် မျှော်လင့်နေသေးကြောင်း KnRC ဆို

-

ကန္တာရဝတီတိုင်း (မ်)

နယ်စပ်ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်‌ပေးတဲ့အပေါ် ထိုင်းအစိုးရတာဝန်ရှိသူတွေက ဒုက္ခသည် ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး လုပ်ငန်းစဥ်ကိုချပြပေးဖို့ မျှော်လင့်နေတယ်လို့ ကရင်နီဒုက္ခသည်ကော်မတီ(KnRC)ရဲ့ ‌ကော်မတီဝင်တစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ဒါမှသာလျှင် ဒုက္ခသည်အရေးနဲ့ပတ်သတ်ပြီး အပြောင်းအလဲဖြစ်လာနိုင်မယ့် အခြေအနေတစ်ရပ်ကို တိတိကျကျ သတ်မှတ်နိုင်မယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ ထိုင်းအစိုးရရဲ့ ဒုက္ခသည်အရေးမူဝါဒ ကို သေချာဖို့ကတော့ camp commander (စခန်းနဲ့သက်ဆိုင်တဲ့ အစိုးရအရာရှိ) က သက်ဆိုင်ရာ camp ကော်မတီကို လာရောက်ရှင်းပြ၊ ပြောပြတဲ့ အဆင့်ပြီး‌တော့ process (လုပ်ငန်းစဥ်) ဘယ်လိုသွားမလဲ အဲလိုမျိုးလာရောက်ချပြမှပဲ ဒါက တိကျတယ်လို့ ကျနော်တို့ပြောလို့ရတယ်ပေါ့နော။ လက်ရှိ အခြေနေအရကတော့ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ဒုက္ခသည်လူတွေအတွက် ထိုင်းနိုင်ငံရဲ့ တရားဝင် အလုပ်ခွင့်ပြုတယ်ဆိုတာ ဒါ ပထမဆုံးအကြိမ် အဲ့လိုထွက်ရှိတဲ့အပေါ်မှာ ကျနော်တို့အားလုံး ကြိုဆိုတယ်” လို့ ကရင်နီဒုက္ခသည်ကော်မတီ(KnRC) ‌ရဲ့ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ကရင်နီဒုက္ခသည်ကော်မတီ (KnRC)က ထိုင်းအစိုးရရဲ့ ဒုက္ခသည်အရေး မူဝါဒအပေါ် ဝမ်းမြောက်ကြိုဆိုကြောင်းကိုလည်း ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

အဲ့ဒီ မူဝါဒက ဆယ်စုနှစ်ပေါင်းအတော်ကြာ ဒုက္ခသည်စခန်းအတွင်း နေထိုင်လာခဲ့ကြတဲ့ ဒုက္ခသည်လူထုတွေအတွက် မိမိကိုယ်ကိုရပ်တည်လာနိုင်စေမှာဖြစ်ပြီး ဂုဏ်သိက္ခာရှိခြင်းနဲ့အတူ ရေရှည်တည်တံ့တဲ့ပြဿနာ ဖြေရှင်းချက်တစ်ခုဖြစ်တယ်လို့လည်း ဝမ်းမြောက်ကြိုဆိုကြောင်းထုတ်ပြန်စာမှာ ပြောထားပါတယ်။

ဒုက္ခသည်လူထုတွေကလည်း ထိုင်းအစိုးရရဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်မူဝါဒက ဒုက္ခသည်တွေရဲ့ နေထိုင်စားသောက်ရေးအတွက် အပြောင်းအရွေ့ တစ်ခုဖြစ်လာစေဖို့ မျှော်လင့်နေကြပါတယ်။

ထိုင်းအစိုးရရဲ့ မူဝါဒနဲ့စပ်လျဥ်းပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က ကြိုဆိုကြောင်း၊ ထိုင်းအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း အသီးသီး ထုတ်ပြန်ကြေညာထားကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ