spot_img
21 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း (၇၂၀၀) နီးပါး သေဆုံး

အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း (၇၂၀၀) နီးပါး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း (၁၆၇၄) အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၇၂၀၀)နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က စက်တင်ဘာလ (၁) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံးတစ်အတိုင်းအတာနဲ့ ဖမ်းဆီးခံရသူ ၃သောင်းနီးပါးရှိပြီး နှစ်သောင်းနှစ်ထောင်ကျော်က ထိန်းသိမ်းခံနေရဆဲဖြစ်သလို အဲ့ဒီထဲမှာ တစ်သောင်းတစ်ထောင်ကျော်က ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သေဒဏ်ခံမှတ်ခံရသူ ၁၇၃ ဦးထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ အချက်အလက် ဟာ AAPP ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေသာ ဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုထားပါတယ်။

ကရင်နီပြည်နဲ့ ကယန်းဒေသအတွင်းမှာတော့ အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ (၈၁၆) ဦး ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ်လအတွင်း ကရင်နီပြည် ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသကို စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး ၃၃ ဦး အပါအဝင် လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၃၆ ဦးထက်မနည်း ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ