ကန္တာရဝတီတိုင်း(မ်)
နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့ လုပ်ရပ်ကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ တလတာ အတွင်း အရပ်သား ပြည်သူများ စုစုပေါင်း ၁၄၀ နီးပါး သေဆုံးခဲ့ရပြီး နိုင်ငံရေးကြောင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ (၃) ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဒီကနေ့ စက်တင်ဘာလ (၃) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ အရေအတွက်ထဲမှာမှ ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ (၁၄) ဦးအထိ ပါဝင်နေပါတယ်။ ဒီအချက်အလက်တွေဟာ အေအေပီပီ က လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ အရေအတွက်တွေသာဖြစ်ပြီး မြေပြင်မှာတော့ ယခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့ရသူတွေ အများစုမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် နေ့စဉ်ရက်ဆက် ကျူးလွန်နေတာကို အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများလည်း သိရှိနေပြီဖြစ်ပြီး စစ်ကော်မရှင်အုပ်စုနဲ့ ဆက်ဆံရေးပေါ်လစီကို ပြန်လည်သုံးသပ်သင့်တယ်လို့လည်း ဖော်ပြထားပါတယ်။
