19.9 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းစစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၉ လအတွင်း တနိုင်ငံလုံးမှာ အရပ်သား သေဆုံးသူ ၈၉၀ ဦးရှိခဲ့

စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၉ လအတွင်း တနိုင်ငံလုံးမှာ အရပ်သား သေဆုံးသူ ၈၉၀ ဦးရှိခဲ့

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင် အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ၉ လအတွင်း အရပ်သားသေဆုံးသူ ၈၉၀ ဦးရှိခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ ပြည်သူတွေဟာ စစ်ကော်မရှင် အုပ်စုတွေရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ကရင်နီပြည် နဲ့ ကယန်းဒေသမှာလည်း ၂၀၂၅ ခုနှစ် ၉ လအတွင်း အရပ်သား သေဆုံးခဲ့သူ ၁၁၀ ဦးရှိခဲ့တယ်လို့ လည်း ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) က ထုတ်ပြန်ထားတာရှိပါတယ်။

အဆိုပါ စာရင်းဟာ ယခုနှစ် ၂၀၂၅ ခုနှစ်က ဇန်နဝါရီလကနေ စက်တင်ဘာလ လကုန်အထိ စာရင်းတွေဖြစ်ပါတယ်။

ဒါ့အပြင် ၉ လအတွင်း ကရင်နီပြည်နယ် နဲ့ ကယန်းဒေသမှာ စစ်ကော်မရှင် အုပ်စုကနေ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၃၂၈)ကြိမ် ရှိခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆိုမြို့နယ်အတွင်း တနေရာကို ကျရောက်ပေါက်ကွဲခဲ့ကာ လင်မယား ၂ ဦးနဲ့ အဖွား တစ်ဦး စုစုပေါင်း အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ