spot_img
24.1 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းနယ်စပ်ဒုက္ခသည်တွေက ပြည်နယ်အလုပ်အကိုင် ဝန်ဆောင်မှုရုံးကနေ တဆင့် အလုပ်အကိုင်ရှာဖွေနိုင်မည်

နယ်စပ်ဒုက္ခသည်တွေက ပြည်နယ်အလုပ်အကိုင် ဝန်ဆောင်မှုရုံးကနေ တဆင့် အလုပ်အကိုင်ရှာဖွေနိုင်မည်

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေက ပြည်နယ်အလုပ်အကိုင် ဝန်ဆောင်မှုရုံးတို့ကနေတဆင့် အလုပ်အကိုင် ရှာဖွေနိုင်မှာဖြစ်ကြောင်း ထိုင်းအခြေစိုက် Thai PBS world သတင်းဌာနမှာ ပြောထားပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန က စစ်ဆေးရေးအရာရှိချုပ် Picher Thongphan က အလုပ်လုပ်ကိုင်နိုင်တဲ့ နယ်စပ်ဒုက္ခသည်တွေကို ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင် ၁၇ ခု၊ ဘန်ကောက်အပါအဝင် အလယ်ပိုင်းပြည်နယ် ၁၈ ခု၊ အရှေ့ပိုင်းပြည်နယ် ရှစ်ခု တို့မှာ အလုပ်ထွက်လုပ်ကိုင်ခွင့်ပေးလိုက်ကြောင်း မနေ့က အောက်တိုဘာလ ၁ရက်နေ့မှာပြောကြားခဲ့တယ်လို့ လည်း Thai PBS သတင်းဌာနက ဆိုပါတယ်။

ဒုက္ခသည်စခန်းအတွင်းက အလုပ်လုပ်ကိုင်နိုင်သူတွေကို အလုပ်ရှင်ကလည်း ရွေးချယ်နိုင်တယ်လို့ လည်းဆိုပါတယ်။ မယ်ဟောင်ဆောင်ခရိုင်မှာရှိတဲ့ ကရင်နီအမှတ် (၁) နဲ့ အမှတ် (၂) ဒုက္ခသည်စခန်းမှာ တော့ အလုပ်လုပ်နိုင်သူအရေအတွက်က ရှိရင်းလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းပဲရှိတယ်လို့ လည်း ကရင်နီဒုက္ခသည်စခန်း ကော်မတီဝင်တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုဖြေကြားခဲ့ပါတယ်။

“စခန်းတစ်ခုမှာ လူဦးရေ၊ အလုပ်လုပ်နိုင်တဲ့လူဦးရေကိုကြည့်မယ်ဆိုလို့ရှိရင် ၄၀ ရာခိုင်နှုန်းရှိတယ်။ ဒါပေမဲ့ ဒီ ၄၀ ရာခိုင်နှုန်းထဲမှာ စခန်းစီမံခန့်ခွဲရေးဝန်ထမ်းတို့၊ ဌာဆိုင်ရာဝန်ထမ်းတို့ နဲ့ ပြီးတော့ ကျောင်းသူကျောင်းသားတွေကို နုတ်လိုက်မယ်ဆိုလို့ရှိရင် ၂၀ ရာခိုင်နှုန်းပဲကျန်တယ်။ အဲဒါကြောင့် စခန်းတစ်ခုမှာ ဆိုလို့ရှိရင် လူဦးရေ ၂၀ ရာခိုင်နှုန်းပဲ အလုပ်လုပ်နိုင်မှာ‌ပေါ့နော” လို့ ကရင်နီ ဒုက္ခသည်စခန်း ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ဆောက်လုပ်ရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းအရောင်းဝန်ထမ်း စတဲ့လုပ်ငန်းတွေမှာ အလုပ်သမား ၆,၁၅၂ ဦးခန့်, ခန့်ထားဖို့ကိုလည်း အလုပ်ရှင်တွေက စိတ်ဝင်စားနေကြောင်း ထိုင်းအလုပ်သမားဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားရွေ့ပြောင်းအလုပ်သမားတွေ အစုလိုက်အပြုံလိုက် နေရပ်ပြန်ပြီးနောက် မြန်မာ့နယ်စပ်ဒုက္ခသည်စခန်း ကိုးခုမှာရှိတဲ့ မြန်မာ့ဒုက္ခသည်တွေကို နှစ်ပေါင်း ၄၁နှစ်အတွင်း ပထမဆုံးအကြိမ် ပြင်ပထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် ၁ နှစ်ပေးလိုက်တာ ဖြစ်တယ်လို့လည်း ထိုင်းအလုပ်သမား ဝန်ကြီးကပြောထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ