spot_img
24.2 C
Loikaw
Thursday 13, November 2025
spot_img
Homeသတင်းစစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်မှာ ငတ်မွတ်ခေါင်းပါးမှု ဖြစ်လာနိုင်တယ်လို့ KnHRG ပြော

စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်မှာ ငတ်မွတ်ခေါင်းပါးမှု ဖြစ်လာနိုင်တယ်လို့ KnHRG ပြော

-

ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်မှာ စစ်ကော်မရှင်တပ်က စိုက်ပျိုးခင်းတွေနဲ့ စိုက်ပျိုးတောင်သူတွေအပေါ် ဦးတည်တိုက်ခိုက်နေတာကြောင့် ပြည်တွင်းမှာ ငတ်မွတ်ခေါင်းပါးမှု ဖြစ်လာနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။
‌အောက်တိုဘာလ အတွင်း ကရင်နီပြည်မှာ စစ်ကော်မရှင်တပ်က တောင်သူတွေရဲ့ စပါးခင်းထဲကို လက်နက်ကြီးပစ်ခတ်တာ၊ စပါးရိတ်သိမ်းနေတဲ့ တောင်သူတချို့ကို ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဒေသခံတွေရဲ့ စိုက်ပျိုးရေးကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေတာတွေအပြင် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာမှုရှိလာပါကလည်း ပြည်တွင်း ကုန်စည်စီးဆင်းမှုလမ်းကြောင်းမှာ ပိတ်ဆို့မှု ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကုန်စည်ပြတ်လတ်မှု၊ ကုန်စျေးနှုန်းမြှင့်တက်မှု၊ စားနပ်ရိက္ခာမဖူလုံမှုတွေကို စီမံဆောင်ရွက်နိုင်ဖို့ အစီအမံတွေ ချမှတ်ထားတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ကန္တာရ၀တီတိုင်း(မ်) ကို ပြောပါတယ်။
“အတတ်နိုင်ဆုံးကတော့ လူထုတွေ ငတ်မွတ်ခေါင်းပါးမှု မကြုံရလေအောင် သို့မဟုတ် ကြုံသည့်တိုင်တောင်မှ အရမ်းကို ဆိုးဆိုးဝါးဝါးအခြေအနေမရှိအောင်လည်း ကျနော်တို့မှာလည်း အစီအမံတွေ ရှိပါတယ်။ အတတ်နိုင်ဆုံးကတော့ စားနပ်ရိက္ခာကို ပြည်နယ်အလိုက်ရှိသင့်တဲ့ ပမာဏတစ်ခုကို ကျနော်တို့စီမံထားတာရှိတယ်။ အ‌ရေးပေါ် ရန်ပုံငွေဖြည့်တင်းနိုင်ဖို့အတွက် စီမံထားတာရှိတယ်။ နောက်ပြီးတော့ တခြားရနိုင်ချေရှိတဲ့ နိုင်ငံတကာအကူအညီနဲ့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေကို ကျနော်တို့စီမံထားတာရှိပါတယ်။ အသေးစိတ်ကိုတော့ ကျ‌နော်တို့ပြောလို့မရပါဘူး။” လို့ ဦးဗညားက ပြောပါတယ်။
စစ်ကော်မရှင်တပ်က တောင်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာအပြင် စိုက်ပျိုးဧရိယာတွေရှိရာကို စစ်ကြောင်းအလုံးအရင်းထိုးလာတာကြောင့် ကရင်နီပြည်တွင်းမှာ စိုက်ပျိုးနိုင်တဲ့ ဧက လျော့နည်းလာပြီး စိုက်ပျိုးသီးနှံတွေလည်း ရှားပါးလာတယ်လို့ KnHRG က နို၀င်ဘာလ ၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်လူထုတွေရဲ့ ပြောကြားချက်အရ စစ်ကော်မရှင်တပ်သားတွေနဲ့ နီးစပ်တဲ့ လယ်ယာစိုက်ခင်းတွေမှာ ရိတ်သိမ်းနိုင်ဖို့ ညှိနှိုင်းရသူတွေရှိသလို တချို့ကလည်း စပါးကိုမဖြစ်ဖြစ်အောင် ရိတ်သိမ်းဖို့ စီစဥ်ကြရတဲ့ တောင်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဖရူဆို နဲ့ ဒီးမော့ဆို မြို့နယ် စပါးရိတ်သိမ်းနေတဲ့ တောင်သူတွေရှိရာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အရပ်သား ၃ ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ