spot_img
32.9 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလာမယ့် ၂၀၂၆ ခုနှစ်မှာ “ရေပူစမ်းထီ”ကို ကရင်နီ ကိုယ်စားပြု “ထီ” ဖြစ်လာဖို့ မျှော်မှန်းထား

လာမယ့် ၂၀၂၆ ခုနှစ်မှာ “ရေပူစမ်းထီ”ကို ကရင်နီ ကိုယ်စားပြု “ထီ” ဖြစ်လာဖို့ မျှော်မှန်းထား

-

ကန္တာရဝတီတိုင်း(မ်)
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး(ခေါ်) ရှားတောမြို့နယ်မှာ အခြေပြုထားတဲ့ “ရေပူစမ်းထီ” ကို လာမယ့် ၂၀၂၆ ခုနှစ်မှာ ကရင်နီ ကိုယ်စားပြု “ထီ” ဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့ ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ရေပူစမ်းထီ” ကို ဆိုမိုဖေစိုးလေး (ခေါ်) ရှားတောဇုန်မှာရှိတဲ့ CDM ဝန်ထမ်းတွေနဲ့ မြေပြင်က အင်အားစုတွေ စုပေါင်းပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ကော်မတီတရပ် အနေနဲ့ စတင်ဖွဲ့စည်းပြီး စတင်ခဲ့ကြပါတယ်။
“ဂဏန်း ၃လုံးပါ ထီကနေ အခု ၄လုံးထိရောက်ပြီး နောက်ကျရင် တရားဝင်ထီအဖြစ် ဂဏန်း ၆လုံးပါ ထီစောင်လို အထိ လုပ်သွားဖို့ရယ်။ ကရင်နီပြည်မှာ တရားဝင်ထီဖြစ်ပြီး IEC ကနေလည်း အသိအမှတ်ပြုပေးတဲ့ ထီဖြစ်ဖို့ရယ် လုပ်ဆောင်သွားမယ်။”လို့ “ရေပူစမ်းထီ” ကော်မတီဝင် တစ်ဦးက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အမှန်တကယ် ခက်ခဲကြပ်တည်းနေတဲ့ မြေပြင်တော်လှန်ရေး အင်အားစုတွေကို တစ်ဖက်တစ်လှမ်းက ထောက်ပံ့နိုင်ဖို့ “ရေပူစမ်းထီ”ကို ဖွင့်လှစ်ခဲ့တာပါ။
အဲ့ဒီ ရည်ရွယ်ချက်အတိုင်း မိဘ ပြည်သူတွေကနေ “ရေပူစမ်းထီ”ကို ဝယ်ယူအားပေးမှုတွေကြောင့် တစ်နှစ်အတွင်း ကျပ် ၄၃၉ သိန်းကျော် ( ၄၃၉၄၁၆၀၀ကျပ် ) ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မိဘပြည်သူတွေထံကိုလည်း ဆုကြေးငွေအနေနဲ့ ကျပ် ၄၂၆ သိန်း ကျော် ( ၄၂၆၁၀၀၀၀ကျပ် ) ကို ပြန်လည် ချီးမြင့်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ “ရေပူစမ်းထီ” ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ထားပါတယ်။
ထီလက်မှတ်တစ်စောင်ကို မြန်မာကျပ်ငွေ ၃ထောင်နဲ့ ရောင်းချတာပါ။ “ရေပူစမ်းထီ ” ကို ရောင်းချလာတာ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့မှာ တစ်နှစ်ပြည့် မှာဖြစ်ပြီး တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ (၁၅)ကြိမ်မြောက် ‌”ရေပူစမ်းထီ” ပထမဆုကြီး ကို ကျပ် ၂၅သိန်းထိ ထပ်မံတိုးမြင့်ထားတာကြောင့် မြေပြင်တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့ရင်း ထီ ဝယ်ယူအားပေးကြဖို့ကိုလည်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ