ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း လယ်စပါးတွေမှာ ပိုးနှစ်ကြိမ်ကျရောက်တာကြောင့် အရင်နှစ်တွေထက် အထွက်နှုန်းပိုကျနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။
“ပထမက ပျပိုးလေ ပျပိုးနဲ့ ရွက်စားပိုး၊ ပထမတခေါက်၊ တလနှစ်လကျော် ဒီအနှံထွက်ခါနီးမှပဲ ရွက်စားပိုးရော၊ နောက်နှံဖြတ်ပိုးရောပါတယ်။ နှစ်ခေါက်။ ရွက်စားပိုးက ဒီအလံရွက် အကုန်လုံးစားလိုက်တယ်လေ။” လို့ တောင်သူတဦးဖြစ်တဲ့ ကိုဂျေနရီက ပြောပါတယ်။
ရာသီဥတုကြောင့် လယ်စပါးစိုက်ပျိုးရာမှာ အထွက်နှုန်းတွေက တနှစ်နဲ့ တနှစ်မတူသလို တောင်သူတွေက စပါးမျိုးသန့်တွေ မရရှိနိုင်တာကြောင့် ပျပိုး၊ ရွက်စားပိုး၊ နှံဖျက်ပိုးတွေ ပိုမိုကျရောက်တာ ဖြစ်နိုင်ကြောင်း တောင်သူတဦးက သုံးသပ်ပါတယ်။
စိုက်ပျိုးရေးပညာရှင်တဦးလည်းဖြစ် လက်ရှိမှာ စပါးမျိုးသန့်တွေကို ထုတ်လုပ်နေတဲ့ ဒေါက်တာစောဦးရယ်ကတော့ စပါးဖျက်ပိုးတွေကြောင့် အထွက်နှုန်းလျော့ကျတာတွေဟာ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ဆိုပါတယ်။
“ပျပိုးနဲ့ ရွက်စား က ဓာတု Chemical သုံးမှရမယ်။ နှံဖျက်ပိုးက အသားပုတ် (ကြက်၊ငှက်၊ကြွက်) တွေနဲ့ မျှားခေါ်ပီး စပါးပင်တွေနဲ့ ဝေးရာ သွားခိုင်းလို့ရတယ်။” လို့ သီးနှံဖျက်ပိုး တွေကို နှိမ်နင်းရမယ့် နည်းလမ်းတွေကို ပြောပါတယ်။
စပါးရင့်မှည့်ချိန်ဖြစ်တဲ့ အောက်တိုဘာလ ပထမအပတ်မှာတော့ ကရင်နီပြည်နယ်အတွင်း မိုးရွာသွန်းမှုရှိနေတာကြောင့် စပါးရည့်မှည့်တာ နှောက်နှေးနေသလို တချို့စပါးရိတ်သိမ်းသူတွေ အတွက်လည်း အခက်ကြုံနေကြပါတယ်။




