spot_img
24.2 C
Loikaw
Thursday 13, November 2025
spot_img
Homeသတင်းရာသီအကူးအပြောင်းကြောင့် လေးနှစ်အောက် ကလေးငယ်များ ဖျားနာမှု အဖြစ်များပြီး ဆေးဝါးလိုအပ်ချက်ရှိနေ

ရာသီအကူးအပြောင်းကြောင့် လေးနှစ်အောက် ကလေးငယ်များ ဖျားနာမှု အဖြစ်များပြီး ဆေးဝါးလိုအပ်ချက်ရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ယခု နိုဝင်ဘာလကစပြီး လွိုင်နန်းဖမြို့နယ်ထဲမှာ ရာသီအကူးပြောင်းကြောင့် ဖျားနာနေကြတယ်လို့ သိရပါတယ်။ လူကြီးအပါအဝင် ကလေးငယ်များ ဖျားနာနေကြပြီး လေးနှစ်အောက် ကလေးငယ်တွေ အများဆုံး ဖြစ်ပွားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖျားနာတာ အများကြီးတွေ့ရတယ်ပေါ့။ အထူးသဖြင့် ဒီတပတ် နှစ်ပတ်မှာဆို ပိုဖြစ်တယ်။ သူတို့ဖျားကြတယ်။ ဆေးခန်းတွေဘာတွေ သွားပြကြတယ်‌။ သူ့လက္ခဏာတွေက ကိုယ်ပူတယ်။ တော်ရုံနဲ့ မကျဘူး။ တရက်လုံးလုံး မကျတဲ့သူတွေလည်း ရှိတယ်။ ပြီး ညဆို ကိုယ်တအားပူတဲ့အချိန်ဆို ကလေးက စကားလျှောက်ပြောတဲ့အထိတောင် ဖြစ်တယ်။ သူတို့က ဆေးခန်းပြမှ နည်းနည်းသက်သာတယ်။ကလေးဆို မခံနိုင်ဘူး လူကြီးလည်း ဖြစ်တယ်။ ဒါပေမဲ့ လူကြီးက နည်းနည်းခံနိုင်တယ်” လို့ ဒေသခံ အမျိုးသား တဦးက‌ ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ဖျားနာတဲ့သူတွေ ဆေးခန်းကို လာရောက်ပြသသူတွေ များပြားတာကြောင့် ဆေးဝါးမလုံလောက်တဲ့အပြင် ဆေးပေးခန်းက ထားရှိပေးတဲ့ အလှူခံသေတ္တာကနေ ရရှိလာတဲ့ ‌ငွေနဲ့ လိုအပ်တဲ့ ဆေးဝါးတွေကို ဝယ်‌ယူပြီးဖြည့်ပေမဲ့ ဆေးဝါးအခက်ခဲရှိနေဆဲဖြစ်ကြောင်းကို ကျေးရွာတရွာရှိ ဆေးပေးခန်းမှ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“ဆေးဝါက ဒီလို အဖြစ်များတဲ့ ရောဂါကျတော့ ဆေးက မလုံလောက်ဘူး။ အဲ့ဒါ သူတို့ဆေးခန်းလာပြတာ အလှူ‌‌ငွေ တတ်နိုင်သလောက် ထည့်ပေးတယ်။ သတ်မှတ်တာတော့ မရှိဘူး။ မထည့်ရင်လည်း ရတယ်။ သူတို့ထည့်တဲ့ အလှူငွေနဲ့ လိုအပ်တဲ့ဆေးကို ပြန်ဝယ်ဖြည့်တယ်။ အခုလည်း ပြန်ဝယ်ဖြည့်တယ်။ သူတို့ (အလှူရှင်များ)ထောက်ပံ့ပေးတဲ့ ဆေးက မလုံလောက်ဘူး” လို့ အဆိုပါ ဆေးပေးခန်းတာဝန်ရှိသူက ပြောပါတယ်။

ရာသီအကူးပြောင်းကာလကြောင့် ဖျားနာတာ၊ နှာစေးချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်ပူတာ စတဲ့ လက္ခဏာတွေနဲ့ ပတ်သက်ပြီး ဆေးခန်းကို လာရောက်ပြသသူတွေ နှစ်ပတ်အတွင်း ခန့်မှန်းခြေ လူဦးရေ (၅၀၀) အထိ ရှိတယ်လို့ ဆေးပေးခန်းတခုရဲ့ စာရင်းအရ သိရှိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ