spot_img
16.7 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Home၂၀၂၅ ရွေးကောက်ပွဲရွေးကောက်ပွဲအတွက် ဘောလခဲမြို့ပေါ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်ရောက်နေကြပြီလို့ ဒေသခံတွေပြော

ရွေးကောက်ပွဲအတွက် ဘောလခဲမြို့ပေါ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်ရောက်နေကြပြီလို့ ဒေသခံတွေပြော

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်ကော်မရှင် လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ရွေးကောက်ပွဲအတွက် မြို့ပေါ်ကို ပြန်ရောက်လာကြပြီလို့ ဒေသခံတွေကပြောပါတယ်။

“ ၂၀လောက်ရှိမယ် ကြားမိတယ်။ ရွေးကောက်ပွဲအတွက်လို့ သိရတယ်ဗျ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်က ယခု ဒီဇင်ဘာလအတွင်းမှာပဲ ရဟတ်ယာဥ်နဲ့ လူ၊ စားနပ်ရိက္ခာ တွေကို ဆက်တိုက်ပို့ဆောင်နေတာလို့လည်း ပြောပါတယ်။

“ ပို့ပီးကုန်လောက်ပီထင်တယ် အရင်တစ်ပတ်ထဲမှာ ရဟတ်ယာဉ် ၂စီး နဲ့ ငါးခေါက်လောက် လာထားတာဆိုတော့။ ဘောလခဲမြို့ မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေပြန်ပို့တာထင်တယ် မြို့ပေါ်စစ်ရှောင် ရောက်နေတဲ့ဝန်ထမ်းတိုင်း ပြန်ခေါ်မယ်ကြားတာဘဲ။” လို့ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ပထမ ပိုင်းကို ကျင်းပတော့မှာပါ။ ရွေးကောက်ပွဲ ပထမပိုင်းမှာ ပါဝင်တဲ့ ဘောလခဲ မြို့ပေါ်မှာ ဒေသခံ ၂၀၀ ဝန်းကျင်သာကျန်ရှိပြီး ဝန်ထမ်း ဆယ်ဂဏန်းသာ ကျန်ရှိနေတာဖြစ်ပါတယ်။

“သူတို့လူနဲ့ သူတို့လုပ်တဲ့ရွေးကောက်ပွဲက သူတို့ဘဲနေရာရကြမှာဘဲ။” လို့ ဘောလခဲဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

Myanmar Information Management Unit (MIMU) ရဲ့ ၂၀၂၀ စာရင်းအရ ဘောလခဲမြို့နယ်မှာ လူဦးရေ ၈၀၈၉ ဦး ရှိပါတယ်။‌ ဘောလခဲမြို့မှာ ကျေးရွာ ၁၈ ရွာရှိတဲ့အနက် ကျေးရွာ ၁၀ ခုမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ ပထမ ပိုင်းမှာ ကရင်နီပြည်က ဘောလခဲမြို့နဲ့ လွိုင်ကော်မြို့တို့ ပါဝင်တာဖြစ်ပြီး လွိုင်ကော်မြို့ပေါ်မှာလည်း လုံခြုံရေးတွေ တင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ