spot_img
14.7 C
Loikaw
Saturday 3, January 2026
spot_img
Home၂၀၂၅ ရွေးကောက်ပွဲကရင်နီမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံသူ နည်းပြီး တော်လှန်ရေးကို ထောက်ခံမှု ၉၀ ရာခိုင်နှုန်းထိရှိနေဆဲလို့ KSDP ဥက္ကဌ ဆို

ကရင်နီမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံသူ နည်းပြီး တော်လှန်ရေးကို ထောက်ခံမှု ၉၀ ရာခိုင်နှုန်းထိရှိနေဆဲလို့ KSDP ဥက္ကဌ ဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပြည်သူလူထု ထောက်ခံမှုနည်းပြီး တော်လှန်ရေးဘက်ကို လူထုထောက်ခံမှု (၉၀) ရာခိုင်နှုန်းထိ ရှိနေဆဲလို့ ကရင်နီပြည်ဒီမိုကရက်တစ်ပါတီ (KSDP) ဥက္ကဌဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသဲရယ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“လက်ရှိတော်လှန်ရေးကို လူထုတွေ ထောက်ခံမှု ရာခိုင်နှုန်း ဘယ်လောက်ရှိသလည်းလို့ ပြောရင်‌တော့ အနည်းဆုံး (၉၀) ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းလို့ရတယ်။ သို့သော် သူတို့(စစ်ကော်မရှင်)အောက်မှာ ရှိနေပြီးတော့မှာ ဘာမှ တော်လှန်ရေးကို ထဲထဲဝင်ဝင် မလုပ်နိုင်တဲ့ လူထုတွေလည်း ရှိနေနိုင်တယ်။ အဲ့သလို လူထုတွေကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ရဲ့ ဖိအားနဲ့ ခြိမ်းခြောက်မှုကြောင့် မဲပေးဖြစ်တာတွေ နောက်ပြီးတော့မှာ သူတို့ ဖွဲ့စည်းလိုက်တဲ့ အစိုးရတွေမှာ လိုက်ပါ ဆောင်ရွက်တာတွေ ဖြစ်လာနိုင်တယ်။” လို့ ဦးသဲရယ်က ပြောပါတယ်။

စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာမဟုတ်သလို အတုအယောင်ဖြစ်ပြီး ၎င်းတို့အာဏာတည်မြဲရေးအတွက် နိုင်ငံကို လိုရာချယ်လှယ်ခွင့်ရရေးနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရရေးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ KSDP ပါတီက ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ဒီမိုကရက်တစ်ပါတီ (KSDP) ဥက္ကဌဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသဲရယ်

နေ့စဉ်နဲ့ အမျှ ပြည်သူလူထုတွေရဲ့ အသက်၊အိုးအိမ်တွေကို ဖျက်ဆီးနေတဲ့ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်းကိုလည်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) ၊ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ နော်ဆားလေ က အခုလို ပြောပါတယ်။

“ တကယ်လို့ မဲမထည့်ရင် အိမ်သိမ်းမယ်၊ ယာသိမ်းမယ်၊ စသဖြင့် ခြမ်းခြောက်မှု အမျိုးအမျိုးနဲ့ ပေါ့နော်။ ဒီလိုမျိုးပုံစံနဲ့ မဲထည့်ခိုင်းတဲ့ အခြေအနေမျိုးတွေ ရှိနေနိုင်တယ်။ ဒါကြောင့်မို့ စစ်ကောင်မရှင် ကျင်းပမယ့် ဒီရွေးကောက်ပွဲ က ကျမ တို့ လူထုကို ကိုယ်စားပြုတဲ့ အစိုးရ တရပ်မဖြစ်နိုင်ဘူး။ နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုကို တိုးချဲ့ပြီး လုပ်နေတဲ့ စစ်ကော်မရှင်ကလည်း ဘယ်လိုမှ လူထုကို ကိုယ်စားပြုတဲ့ အစိုးရ တရပ် ဖြစ်လာမှာ မဟုတ်ဘူး။” လို့ နော်ဆားလေ က ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်ကနေ ကျင်းပမယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲက တရာမျှတမှု မရှိကြောင်း ပြောဆိုကြသလို ကန့်ကွက်နေကြပါတယ်။

တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ဥပဒေစိုးမိုးမှုရေး ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဖြစ်ရေး ၊ မဲပေးသူ အခွင့်အရေးကလည်း အပြည့်အဝ ရှိရေး ၊ ယှဉ်ပြိုင်တဲ့ ကိုယ်စားလှည်လောင်းတွေ ၊ ပါတီတွေ တန်းတူအခွင့်အရေး ရှိရေး ၊ လွတ်လပ်တဲ့ မီဒီယာတွေ သတင်း အချက်အလက်တွေ ရရှိရေး ၊ အကြမ်းဖက်မှု လုံးဝမရှိရေး ၊ မဲရလာဒ်တွေ တိကျ မှန်ကန်မှု ရှိရေး နဲ့ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ရဲ့ လွတ်လပ်ခွင့် ရှိရေး စတာတွေ ရှိဖို့ လိုအပ်ကြောင်းကိုလည်း ဦးသဲရယ်က ထောက်ပြ ပြောဆိုပါတယ်။

စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲ အပိုင်း ( ၁ ) မှာ ကရင်နီပြည်က လွိုင်ကော်မြို့ နဲ့ ဘောလခဲမြို့နယ် ပါဝင်ပြီး အပိုင်း ( ၂ ) မှာတော့ ဒီးမော့ဆိုမြို့ နဲ့ ဖရူဆိုမြို့နယ် ပါဝင်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ