spot_img
15.5 C
Loikaw
Wednesday 7, January 2026
spot_img
Homeသတင်းလွိုင်ကော်မြို့က အရပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

လွိုင်ကော်မြို့က အရပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

မနေ့က ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်းက အရပ်သားတစ်ဦးဟာ မြို့ပြင်ကို ပစ္စည်းပို့ရန် ထွက်သွားတဲ့လမ်းမှာ မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေဆီကနေ သိရှိရပါတယ်။

“ဖြစ်သွားတာကတော့ မနေ့က ၅ ရက်နေ့ မနက်ပိုင်းမှာပေါ့နော်။ သူနေတာကတော့ ဒေါမူကလားမှာ။ သူက မြို့ထဲမှာ ပြန်နေတယ်။ အဲ့ဒါ သူပစ္စည်းတချို့ပြန်ယူပြီးတော့ သွားပို့ဖို့ရှိတယ်။ အဲ့လိုပြောတော့ အဲ့ဒါ ရွာခံတချို့ကတော့ သွားလို့မရတော့ဘူးပြောပေမယ့် သူ့ပစ္စည်းက အရေးကြီးတာလားတော့ မပြောတတ်ဘူးပေါ့နော်။ အဲ့ဒါ သူ သွားပို့တဲ့အချိန်မှာက မိုင်းနင်းမိတော့ အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ပြည်သူလူထုတချို့က သူ့ကို ဒီဘက်ဆေးခန်းမှာ ပို့ပေးသေးတယ်။” လို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

မိုင်းနင်းမိပြီး သေဆုံးသွားသူဟာ အသက် ၄၃ နှစ်အရွယ် ဦးပလျားရယ် ဖြစ်ပြီး လွိုင်ကော်မြို့နယ်၊ ဒေါမူကလားကျေးရွာ ဇာတိ ဖြစ်ပါတယ်။ စစ်ဘေးရှောင်နေတဲ့ အရပ်သားတွေက ဦးပလျားရယ်ကို တွေ့ရှိပြီး ဆေးခန်းကို ပို့ဆောင်ခဲ့ပေမယ့် သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဦးပလျားရယ် စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲကြောင့် မိသားစုနဲ့အတူ စစ်ဘေးရှောင်ခဲ့သူဖြစ်ပြီး မြို့တွင်းပြန်လာနေထိုင်လို့ရကြောင်း သိရှိပြီးနောက် လွိုင်ကော်မြို့တွင်းကို ပြန်လာနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ