spot_img
12.7 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းလွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက်မှာ ခြံရှင်းနေစဉ် မိုင်းနင်းမိပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရ

လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက်မှာ ခြံရှင်းနေစဉ် မိုင်းနင်းမိပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကော်မရှင်တပ် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာ နေအိမ် ခြံရှင်းရာကနေ အမျိုးသားတဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေညောင်ပင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဒေါဥခူရပ်ကွက်မှာနေထိုင်တဲ့ ကိုကျော်နီစန်း ဆိုတဲ့ အမျိုးသားက မိုင်းနင်းမိတာဖြစ်ပြီး ဘယ်ခြေတဖက် ဆုံးရှုံးခဲ့သလို ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် လက်ရှိမှာ ဆေးကုသမှုခံယူနေရပါတယ်။

စစ်ဘေးရှောင်ပြီး လွိုင်ကော်မြို့ပေါ်က နေအိမ်ကို ပြန်လာနေထိုင်သူတွေ၊ သန့်ရှင်းရေးပြန်လုပ်ကြတဲ့ ပြည်သူတွေ မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေကို မကြာခဏ ကြားနေရတယ်လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

ဓါတ်ပုံ – Ko Kyaw Gyi

“ လွိုင်ကော်မြို့မှာက တစ်လေးလုံးစစ်ဆင်ရေးကတည်းက အပြင်းထန် တိုက်ပွဲဖြစ်ထားတော့ မိုင်းတွေလည်း ထောင်ထားတာရှိမှာပဲလေ။ အဲ့နောက်ပိုင်း နေအိမ်ပြန်ကြတဲ့သူတွေထဲ မိုင်းနင်းမိတာလည်း အတော်များတယ် သန့်ရှင်းရေးလုပ်ရင်း နင်းမိတာ ပိုကြားရတယ်။ မြို့ပေါ်ရပ်ကွက်တော့ GE ( စစ်အင်ဂျင်နီယာတပ်) တပ်က အခကြေးငွေ ယူပြီး မိုင်းရှင်းတယ်ပြောပေမယ့် အိမ်ပြန်တဲ့သူတွေ မိုင်းနင်းမိကြတယ်လို့ ခနခဏ ကြားနေရတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။

မြို့ပေါ် ရပ်ကွက်တွေအတွင်း စစ်ကော်မရှင်တပ်က ပြန်လာနေထိုင်ခွင့်ပြုထားပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ဖူးတဲ့ ဒေါဥခူ၊ နာနတ်တော၊ နောင်ယား စတဲ့ ရပ်ကွက်တွေမှာ မကြာခဏ မိုင်းနင်းမိပြီး ထိခိုက်သူတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ်အတွင်းက အသက် ၄၃နှစ်အရွယ် အမျိုးသားတဦး မြို့ပြင်ကို ပစ္စည်းပို့ဖို့ ထွက်သွားတဲ့လမ်းမှာ မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ