spot_img
21.8 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းက အမျိုးသမီးတဦး အသတ်ခံရမှုမှာ ကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီလို့ KSP ဆို

ဒီးမော့ဆိုအနောက်ခြမ်းက အမျိုးသမီးတဦး အသတ်ခံရမှုမှာ ကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီလို့ KSP ဆို

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နွားကျောင်းနေရင်း အသတ်ခံရတဲ့ အမျိုးသမီးအမှုမှာ ကျူးလွန်ကြောင်း သံသယရှိသူ အမျိုးသားကို စစ်ဆေးမေးမြန်းပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့အတွက် အမှုဖွင့်အရေးယူဆောင်ရွက်နေပြီလို့ ကရင်နီပြည်ရဲတပ်ဖွဲ့ ( KSP ) ရဲ့ တာဝန်ရှိသူ ကိုဘိုဘိုက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“လူသတ်မှုနဲ့ပတ်သက်ပြီး ကရင်နီပြည်ရဲ အမှတ် (၁) ရဲစခန်း (ပ)၁/၂၀၂၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်တယ်။ အမှုနဲ့ပတ်သက်လို့ တရားရုံးမှာ ချုပ်မိန့် ရမန် တောင်းပြီး အသေးစိတ် ဆက်လက်စစ်ဆေးဆောင်ရွက်တော့ တရားခံက ဝန်ခံပါတယ်။ မူးယစ်ဆေးဝါးလည်း သုံးတာကိုလည်း ဝန်ခံထားပါတယ်။”လို့ ကိုဘိုဘိုက ဆိုပါတယ်။

လူသတ်မှုကို ကျူးလွန်စဉ်က မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကျူးလွန်သူဟာ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာဇာတိက ရဲ CDM ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ဒေါရောက်ခူကျေးရွာမှာ နေထိုင်သူ အသက် ၄၅ နှစ် အရွယ် ဒေါ်ပိုင်ဟာ နွားသွားကျောင်းရာကနေ နေအိမ်ပြန်လာခြင်းမရှိတာကြောင့် လိုက်လံရှာဖွေမှသာ သေဆုံးနေတဲ့ရုပ်အလောင်းကိုသာ မိသားစုဝင်တွေက ပြန်လည်တွေ့ရှိခဲ့တာပါ။

လူသတ်မှုအထိ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းသိရှိရတဲ့ အချက်အလက်အရ ကျူးလွန်သူက တောထဲမှာ ထင်းရှူးဆီရှာဖွေနေစဉ် နွားကို ခဲနဲ့ ပေါက်ခဲ့တဲ့အတွက် စကားများရန်ဖြစ်ရင်း လူသတ်တဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ ကိုဘိုဘိုက ဖြည့်စွက်ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ