spot_img
31.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုအရှေ့ဘက်ခြမ်းက ဒေသခံနဲ့ စစ်ဘေးရှောင်တွေ အရေပြားယားယံမှု ဖြစ်ပွားနေ

ဖရူဆိုအရှေ့ဘက်ခြမ်းက ဒေသခံနဲ့ စစ်ဘေးရှောင်တွေ အရေပြားယားယံမှု ဖြစ်ပွားနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်ကလေးငယ်တွေ အပါအဝင် ဒေသခံတွေဟာ အရေပြားယားယံမှု ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းကြောင့် အဆိုပါ စစ်ဘေးရှောင်တွေဟာ ဖရူဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ လာရောက်ခိုလှုံနေကြတာဖြစ်ပြီး ဒေသခံအပါအဝင် စစ်ဘေးရှောင်မိသားစုတွေဟာ အရေပြားယားယံမှု ဖြစ်ပွားနေကြတယ်လို့ ပြောပါတယ်။

“မောင်နှမ လေးယောက်စလုံး ယားတာ၊ ကလေးတွေက တော်တော်ပိန်သွားတယ်၊ ယားလို့ဖြစ်တာ” လို့ ဆေးကုသပေးနေသူ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ အရေပြားယားယံမှုအတွက် နီးစပ်ရာ ဆေးမြည်းတိုတွေနဲ့ ကုသတာတွေ ပြုလုပ်နေပေမယ့်လည်း သက်သာပျောက်ကင်းတာ မရှိဘူးလို့ ဆိုပါတယ်။

ဖရူဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတွေဟာ နှစ်စဥ်နွေရာသီမှာ ရေရှားပါးမှုပြသနာနဲ့ ရင်ဆိုင်နေရကြရပြီး တကိုယ်ရည် သန့်ရှင်းရေးအတွက် လုံလောက်တဲ့ရေကို မသုံးစွဲနိုင်ကြပါဘူး။ ရေမချိုးရတာတွေကြောင့် လက်၊ ခန္ဓာကိုယ်၊ ပေါင် စတဲ့နေရာတွေမှာ ယားနာတွေ ဖြစ်နေကြသလို တောတောင်ကြားမှာနေထိုင်ကြတဲ့အတွက် ဆေးဝါးအကူအညီအတွက် ဆက်သွယ်နိုင်ဖို့လည်း ခက်ခဲတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“အဆက်အသွယ် မရကြဘူးလေး။ တောထဲမှာပဲဆိုတော့ ဆက်သွယ်ရတာ တော်တော်ခက်တယ်” လို့ သူက ဆိုပါတယ်။

အဆိုပါ အရေပြားယားယံမှု ဖြစ်ပွားတဲ့ကျေးရွာမှာတော့ စစ်ဘေးရှောင် အိမ်ခြေ ၁၀၀ ကျော် ရှိပြီး၊ ဒေသခံနဲ့ စစ်ဘေးရှောင်အပါအဝင် ကျောင်းသူ/သား ၄၀၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ