Homeသတင်းစစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့မှာ လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပဖို့ စီစဉ်နေ

စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့မှာ လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပဖို့ စီစဉ်နေ

-

ကန္တာရဝတီတိုင်း (မ်)

စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့မှာ လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပဖို့ စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ စစ်ကော်မရှင်လက်အောက် အစိုးရအဖွဲ့ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီဝင်တွေက လွိုင်ကော်မြို့တွင်းမှာ သင်္ကြန်ပွဲကို ပြုလုပ်ဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း ကယားပြည်နယ် ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးရုံးက ထုတ်ပြန်ပါတယ်။

သနပ်ခါး သင်္ကြန် နဲ့ ထမနဲ သင်္ကြန်တို့ကိုလည်း ကျင်းပနိုင်ဖို့ ကြိုးပမ်း‌ဆောင်ရွက်ကြဖို့လည်း ဆွေးနွေးခဲ့ပါသေးတယ်။

လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပတာက စစ်ကော်မရှင်ထိန်းချုပ်နယ်မြေဖြစ်တဲ့ လွိုင်ကော်မြို့ပေါ်မှာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ မြို့တွင်းမှာ လမ်းလျှောက်သင်္ကြန်လုပ်မှာ ပြည်နယ်ခန်းမရှေ့တလျှောက်ပေါ့ ၊ ဗဟိုဘဏ်ရှေ့ ၊ နာရီစင်နားထိ ပြင်ဆင်ထားတာ တွေ့ရတယ်။ လွိုင်ကော်မှာလည်း လူတွေ တော်တော်များများလည်း ရှိနေပြီဆိုတော့ သင်္ကြန်မှာတော့ ပါဝင်ကြမယ်ထင်တယ်။” လို့ သူက ပြောပါတယ်။

တစ်ဖက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေက တချို့နေရာမှာ နှစ်စဥ်သင်္ကြန်ပွဲကို အစုအဖွဲ့အနည်းငယ်နဲ့သာ ကျင်းပလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

သင်္ကြန်မှာ နေပူဒဏ်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာ‌ရေး ဆိုးကျိုးတွေကို သတိရှိဖို့ ကျန်းမာရေးအဖွဲ့တွေက ညွှန်ကြားထားပါတယ်။ အပူဒဏ်အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် နေ့လယ်ပိုင်းနေရောင်ပြင်းထန်ချိန် အရိပ်ရတဲ့ နေရာမှာ နားဖို့ တိုက်တွန်းထားပါတယ်။

သင်္ကြန်ကာလအတွင်း အပြင်ထွက်ပါက ထီး၊ ဦးထုပ် တို့ကိုအသုံးပြုဖို့နဲ့ ရေဓာတ်ခန်းခြောက်မှုကနေ ကာကွယ်ဖို့လည်း သန့်ရှင်းတဲ့သောက်ရေကို မကြာခဏသောက်ပေးဖို့နဲ့ အရက်သောက်သုံးခြင်းက အပူဒဏ်အန္တရာယ် ပိုမိုပြင်းထန်စွာ ခံစားရနိုင်တာကိုလည်း သတိပြုစေလိုတယ်လို့ ဆိုပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ