spot_img
Homeသတင်းနနွင်းကို စီးပွားဖြစ်စိုက်ဖို့ ဖရူဆိုအနောက်ခြမ်းကတောင်သူတွေရွေးချယ်လာ

နနွင်းကို စီးပွားဖြစ်စိုက်ဖို့ ဖရူဆိုအနောက်ခြမ်းကတောင်သူတွေရွေးချယ်လာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဒေသမှာ နနွင်းတွေ စျေးကောင်းရနေတာကြောင့် ဒေသခံတွေက စီးပွားဖြစ် စိုက်ပျိုးဖို့ရွေးချယ်လာကြတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က နနွင်းစျေးဟာ (အခြောက်ခံပြီးသား) တစ်ပိသာကို ၈၀၀၀ ကနေ ၁၂၀၀၀ ကျပ်အထိ စျေးမတည်ငြိမ်တာတွေရှိခဲ့ပေမဲ့ ယခုနှစ်မှာတော့ (အခြောက်) တစ်ပိသာကို ၁၇၀၀၀ ထိစျေးကောင်းရနေတယ်လို့ကုန်သည်တွေဆီကနေသိရပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဟာ တောင်တန်းဒေသဖြစ်တာကြောင့် တောင်ယာစပါးစိုက်ပျိုးကြတဲ့အပြင် တခြားဝင်ငွေရတဲ့ ဖာလာ၊ နနွင်း တွေကိုလည်း စိုက်ပျိုးကြတာပါ။

စားဝတ်နေရေးဖူလုံဖို့အတွ“ဒီတနှစ်ပတ်လုံးလုပ်လာတဲ့ တောင်ယာကရလာတဲ့ စပါးနဲ့က တစ်ခုတည်းစားလို့ရှိရင် မဖူလုံဘူးပေါ့နော။ နနွင်းနဲ့ရောပြီး စိုက်လို့ရှိရင် ဒီစပါးခြွေပြီးလို့ရှိရင် ဒီနနွင်းကိုစတူးမယ်။ ရလာတဲ့ဟာတွေကို ဒီမိသားစုအတွက်ပြန်အသုံးပြုတယ်”လို့ သူမကပြောပါတယ်။

ဒေသထွက်ဖာလာ ကတော့ ယခင်နှစ်တွေထက် စျေးကျနေပြီး လက်ရှိမှာ နနွင်းအပြင် ဝဥတွေလည်း ဝယ်လိုအားကောင်းနေတယ်လို့ ကုန်သည် အမျိုးသမီးတစ်ဦးကပြောပါတယ်။

“နနွင်းကတော့ ဝယ်ယူအားကောင်းတယ်လို့ ပြောရမှာပေါ့နော။ ရသလောက်ကိုး ပို့လို့ကိုးမလောက်ဘူးပေါ့နော။ ခုချိန်ထိလည်း ပို့လို့ရတယ်။ ဝယ်သမားတော့ရှိတယ်။”လို့ သူမကပြောပါတယ်။

အချို့ကျေးရွာတွေမှာတော့ နနွင်းစျေးကောင်းလာလို့ စိုက်ပျိုးလုပ်ကိုင်ချင်ပေမဲ့ နနွင်းအမျိုးကို ရှာဝယ်လို့မရတာ၊ မဝယ်နိုင်တာတွေလည်း ရှိနေကြတယ်လို့ သိရပါတယ်။

“စိုက်ချင်တယ်၊ မြေနေရာရှိတယ်။ ကျမကစပေါ့နော။ ဒါပေမဲ့ သူရဲ့အရင်းနှီးမနိုင်ဘူး။ သူ့ရဲ့မျိုးစေ့ပေါ့။ ဝယ်ဖို့မနိုင်ခါကျတော့မစိုက်ဘူး”လို့ ‌ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

နနွင်းပေါက်ရောက်ဖို့ အစိုဓတ်လိုအပ်တာကြောင့် မိုးမကျခင် ဧပြီလ ၊ မေလတွေမှာ နနွင်းကို စိုက်ပျိုးကြပြီး နောက်နှစ် ဖေဖော်ဝါရီလမှာ ပြန်တူးကြတာပါ။

ဒေသခံတွေကတော့ တူးထားတဲ့ နနွင်းတွေကို ပြန်ပြုတ်ပြီး၊ အခြောက်လှန်းကာ ပြန်လည်ရောင်းချကြပါတယ်။

နနွင်းကို ဟင်းခတ်အမွေးအကြိုင်တစ်ခုအဖြစ် အသုံးပြုသလို တိုင်းရင်းဆေးဖော်စပ်တာ၊ အလှကုန်ပစ္စည်း၊နဲ့ သဘာဝဆိုးဆေးတွေ ပြုလုပ်ရာမှာ လည်းအသုံးပြုပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ