spot_img
Homeသတင်းနေ့စဥ် ဒရုန်းပြန်ဝဲနေလို့ ဖရူဆိုမြို့နယ်ထဲက ရွာသား ၂၀၀ ကျော် ရွေ့ပြောင်း

နေ့စဥ် ဒရုန်းပြန်ဝဲနေလို့ ဖရူဆိုမြို့နယ်ထဲက ရွာသား ၂၀၀ ကျော် ရွေ့ပြောင်း

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ခုမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းပြန်ဆုတ်ပြီးနောက်၊ ကျေးရွာနယ်မြေတစ်ဝိုက်ကို ဒရုန်းကင်းထောက်မှု ဆက်တိုက်လာတာကြောင့် ရွာသား ၂၀၀ ကျော် ရွေ့ပြောင်းနေကြရတယ်လို့ ရွာသားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“ဒီစစ်ကြောင်းထိုးပြီး ပြန်ဆုတ်ကတည်းကပေါ့။ ၂ရက်မှာ ၃လုံးချတယ်။ ခန်းမဆောင်ပျက်စီးပြီးတော့ နေအိမ်အချို့ထိခိုက်ပါတယ်။ အဲကနေ ကင်းလာထောက်ကြည့်တယ်။ မချဘူးပေါ့ ။ တစ်ပတ်မှာ အလွန်ဆုံး၃ရက် လာတယ်။ နေသာဆိုပိုပီးလာတာပေါ့”

မေလ အစကတည်းက ဖရူဆိုအရှေ့ခြမ်းကို အာဏာသိမ်းတပ်က စစ်ကြောင်းထိုးလာခဲ့တာပါ။ အဆိုပါ ရွေ့ပြောင်းနေရတဲ့ ရွာက လည်း စစ်ကြောင်းနဲ့နီးလို့ တောထဲ ထွက်အိပ်ကြရတယ်လို့ပြောပါတယ်။

ဒရုန်းကင်းထောက်ချိန်က မနက်ပိုင်း နဲ့ မွန်းလွဲပိုင်းမှာ အများဆုံးဖြစ်နေတတ်တယ်လို့လည်း သူကပြောပါတယ်။

ရွာသားတွေက စိုက်ပျိုးရာသီအတွက် မျိုးစေ့တွေ၊ နေရာတွေကို ပြင်ဆင်ထားပြီးသားမို့လို့ ဒရုန်း ကြောင့်ရွေ့ပြောင်းရတာက စိုက်ပျိုးရာသီမှာ လုံခြုံ‌ရေးအတွက် စိုးရိမ်လာရတယ်လို့ ရွာသားတွေက ပြောပါတယ်။

သို့ပေမဲ့လည်း စားဝတ်နေရေးပြေလည်ရေးအတွက် စပါးနဲ့ တခြားသီးနှံတွေကို ပြန်စိုက်အုံးမယ်လို့ ရွာသားတစ်ယောက်က အခုလိုဆက်ပြောပါတယ်။

“ဒရုန်းရွာထဲထောက်နေပါတယ်။ ယာခင်းက ပြန်လုပ်မယ်ဆိုလည်း ပြန်မသိမ်းရမာလည်းစိုးရိမ်ရတယ်။ စိတ်ဇဝေဇဝါဖြစ်ကုန်ရော။ ကျနော်တော့ ပြန်လုပ်မှရမယ်လို့ထင်တယ်။ ဘာဖြစ်လို့ဆိုတော့ ကြိုတင်ပြင်ထားကုန်ပီပေါ။ ဒီဖြင့်ရှောင်နေတဲ့ နေရာလုပ်မယ်ဆို အစကနေပြန်လုပ်ရတော့ဆင်ပြေတော့ဘူး စစရရာလိုအပ်တယ်” လို့ပြောပါတယ်။

ဖရူဆိုမှာ အာဏာသိမ်းတပ်စစ်ကြောင်းကြောင့် မေလအစောပိုင်းမှာပဲ တောင်ယာခုတ်နေတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံရကာ မေ ၁၁ ရက်မှာပြန်လည်လွှတ်မြှောက်လာခဲ့ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ