Homeသတင်းဆိတ်မွေးမြူရေး မွေးနှုန်းထက် သေနှုန်းမြင့်မား

ဆိတ်မွေးမြူရေး မွေးနှုန်းထက် သေနှုန်းမြင့်မား

-

မူအက်စတာ

ပြည်နယ်အစိုးရမှ ပြည်နယ်ရံပုံငွေဖြင့် ဆိတ်များဝယ်ယူရာ ဝယ်ယူချိန်ကထက် လက်ကျန်မှာ လျော့နည်းနေကြောင်း တွေ့ရှိရသည်။ 

မျိုးကောင်းမျိုးသန့် ဆိတ်မွေးမြူတဲ့နေရာမှာ ယခုရေတွင်းတူး ယခုရေကြည်သောက်လို့ရသည့် လုပ်ငန်းမျိုးမဟုတ်ပဲ ဒေသရာသီဥတုအစာနှင့်ကိုက်ညီရန် မူလရပ်တည်ရသည် ၎င်းတို့ကို မွေးမြူရန် အချိန်ကာလ ၆လမှ တစ်နှစ်ထိကြာမြင့်နိုင်သည် ဆိတ်မတစ်ကောင်သည် တစ်နှစ်လျှင် အနည်းဆုံးသားပေါက် ၅ကောင်ထိမျိုးပွားနိုင်သည်။ဟု ဝန်ကြီးဦးဘောစကိုက လွှတ်တော်တွင် တင်ပြခဲ့သည်။ 

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဦး၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဦးဘောစကိုမှ မျိုးကောင်းမျိုးသန့် ဆိတ်များကို ဝယ်ယူတင်သွင်းထားသည်ဟု ဆိုသော်လည်း ဆိတ်များဝယ်ယူပြီး ၂ပတ်အတွင်း ၁၃၈ကောင်ကို ပြန်လည်အစားထိုးယူခဲ့ရပြီး ၃လအတွင်း ၁ဝကောင်ခန့် သေဆုံးခဲ့ကြောင်း တွေ့ရသည်။

ကယားပြည်နယ်ရံပုံငွေဖြင့် ဝယ်ယူထားသော ဆိတ်ကောင်ရေတစ်သိန်းနှုန်းဖြင့် ဘတ်ဂျက်သုံးစွဲထားကြောင်း တွေ့ရှိရပြီး ၂၀၁၇၁၈တွင် ၁၃၅ဝကောင်ဝယ်ယူကာ ၁၁၈.၂၅သန်း သုံးစွဲထားသော်လည်း ၃၂ကောင်သာ မွေးဖွား၍ ၂၁ရကောင် သေဆုံးခဲ့ပြီး  ဈေးကွက်သို့တင်ပို့နိုင်မှုမှာ လုံးဝမရှိသေးကြောင်းတွေ့ရသည့်အပေါ် ဌာနမှ မည်သို့ကွင်းဆင်းဆောင်ရွက်ကြောင်း သိရှိလိုပါသည်။ဟု မယ်စဲလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးမှ မေးမြန်းခဲ့သည်။ 

မြို့နယ်အလိုက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဆိတ်မွေးမြူရာကျေးရွာများသို့ ၂ပတ် ၁ကြိမ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ပြီး ၃လ၁ကြိမ် ဆေးဝါးများဖြင့် စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်ထားကြောင်း သိရသည်။

မွေးမြူသည့် ဒေသခံများသည်လည်း ၎င်းတို့မွေးမြူရန် တင်တောင်းခဲ့သည့်အတိုင်း ဆိတ်များကို စနစ်တကျမွေးမြူရန်၊ မလိုအပ်ပဲ သေဆုံးမှုများ မဖြစ်စေရန် ဂရုစိုက်ရန်နှင့်  အချိန်မတန်မီ ဆိတ်များရောင်းချခြင်းတို့ကို မလုပ်ဆောင်သင့်ကြောင်း ဝန်ကြီးဦးဘောစကိုက ပြောသည်။

မျိုးကောင်းမျိုးသန့်ဆိတ်ဝယ်ယူရန် သတင်းစာတွင် ကြေငြာခဲ့ပြီး တင်ဒါခေါ်အဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ကာ ဆိတ်ကောင်ရေ ၁၅၈ဝကောင်ကို တစ်ကောင်လျှင် ၉၅၀၀ဝကျပ်ဖြင့် မန္တလေးတိုင်းမှ ဝယ်ယူတင်သွင်းခဲ့သည်ဟု သိရသည်။ 

လက်ရှိတွင် ဒေသခံများသည် ဆိတ်များကို မသေကြေရန် စောင့်ရှောက်ရသည့်အပိုင်းသာ ရှိသေးသဖြင့် ဈေးကွက်သို့တင်ပို့သည့် ကိစ္စများသည် မဖြစ်နိုင်သေးသည့် အခြေအနေဖြစ်ပေသည်။

၂၀၁ရခုနှစ်တွင်လည်း ဒေါရောက်ခူကျေးရွာသို့ သိုးများကို လာရောက်ချထားပေးခဲ့ဖူးသည်။ သိုးကောင်ရေ ၁၀ဝကျော်ခန့်လာထားခဲ့ရာ လက်ရှိတွင်သိုး ၉ကောင်သာကျန်ရှိပြီး တစ်ကောင်မွေးဖွားလာခဲ့ရာ ၁ဝကောင်ဖြစ်လာခဲ့သည်။ 

၂၀၁၇၁၈ခုနှစ် ဖြန်းဖြူးထားမှုနှင့် အောင်မြင်မှုအခြေအနေ

စဉ် ကျေးရွာ အရေအတွက် ကျပ်သန်းပေါင်း မွေးဖွား သေဆုံး လက်ကျန် ဈေးကွက်တင်ပို့နိုင်မှု

၁ သာယု ၁၆ဝ ၁၅.၂ ၁ရ ရ ၁၇၀

၂ တနီးလာလဲ ၃၀ဝ ၂၈.၅ ၁၂ ၁၄ ၂၉၈

၃ ပဒန်းခို ၃၁ဝ ၂၉.၄၅ ၁၅ ၁ရ ၃၀၈

၄ ဒေါဗျာကူး ၁၀ဝ ၉.၅ ၈ ၁ဝ ၉၈

၅ ရာဧပရား ၁၅ဝ ၁၄.၄၅ ၄ ၈ ၁၄၆

၆ ဖောလော် ၁၁ဝ ၁၀.၄၅ ၁၁ ရ ၁၁၄

ရ ပရယ်တော် ၁၂ဝ ၁၁.၄ ၅ ၈ ၁၁၇

၈ ဒေါမူလဲ ၁၈ဝ ၁၇.၁၆ ၁၆၄

၉ ပွန်ချောင်း ၁၅ဝ ၁၄.၂၅ ၁၂ ရ ၁၅၅

စုစုပေါင်း ၁၅၈ဝ ၁၅၀. ၈၄ ၉၄ ၁၅၇၀

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ