spot_img
17.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းကျန်းမာရေးCOVID-19 အတည်ပြုလူနာ Case(121) မှ ကယားပြည်နယ်အတွင်း ဖြတ်သန်းသွားလာမှုအခြေအနေကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဖေ့ဘွတ်ပေ့ချ်တွင် အသိပေးထား

COVID-19 အတည်ပြုလူနာ Case(121) မှ ကယားပြည်နယ်အတွင်း ဖြတ်သန်းသွားလာမှုအခြေအနေကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဖေ့ဘွတ်ပေ့ချ်တွင် အသိပေးထား

-

ကန္တရဝတီတိုင်း(မ်)

COVID-19 အတည်ပြုလူနာ Case(121) မှ ဧပြီလ ၆ရက်နေ့တွင် ကယားပြည်နယ်အတွင်း ဖြတ်သန်းသွားလာမှုအခြေအနေကို အများပြည်သူသိရှိနိုင်ရေးအတွက် ဧပြီလ ၂၂ရက်နေ့ ညနေပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ဖေ့ဘွတ်ပေ့ချ် မွာ အသိပေးထားပါတယ်။

“အဲ့ထဲမွာ အသေးစိတ်အကုန်ရေးထားပါတယ် လုပ်ထားတဲ့အခြေအနေတွေအသေးစိတ်ရေးထားတယ် နောက်ဆက်လုပ်မယ့်ဟာတွေ အကုန်ရေးထားပါတယ် အဲ့ဒါကိုဖတ်လိုက်ရင် အကုန်ပြည့်စုံပါတယ်။ ကျတော်တို့လုပ်ထားတဲ့ လက်ရှိအခြေအနေက စာထဲမှာရေးထားအကုန်ပါပဲ” လို့ ကယားပြည်နယ်သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ဦးအေးလွင်က ကန္တရဝတီတိုင်း(မ်) ရဲ့မေးမြန်းချက်ကို ရှင်းပြထားပါတယ်။

Case 121 နဲ့ထိတွေ့ခဲ့တဲ့ လောဓမ္မရပ်ကွက်(ကြည်သာယာ) မှ အမျိုးသားတစ်ဦး အပါအဝင် မိသားစုဝင် သုံးဦးကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်) မွာ Community Based Facility Quarantine ထားရှိတယ်လို့ သိရပါတယ်။

၎င်းတို့ သုံးဦးရဲ့ ဓတ်ခွဲနမူနာယူထားပြီးဖြစ်သလို စစ်ဆေးနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

Case 121 နဲ့ထိတွေ့ခဲ့တဲ့ လောဓမ္မရပ်ကွက်ရှိ အမျိုးသားကို Community Based Facility Quarantine ထားရှိထားပြီး ဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေကို လောဓမ္မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က ရှင်းပြပါတယ်။

“နေ့လည် ၁၂နာရီလောက်လာခေါ်ပြီးတော့ နတလကို (၁၂း၁၅)လောက်ရောက်တယ်။ ရောက်ပြီး စစ်မေးတယ် သူဘယ်သွားတယ် ဘယ်လာတယ်ပေါ့ Positive ဖြစ်တဲ့သူနဲ့ ဘယ်ကိုသွားတယ်ပေါ့။ ခုလက်ရှိအိမ်မှာပေါ့ ဆေးလာဖြန်းပေးတယ်။သူကလမ်းပြပုံစံမျိုးလိုက်သွားတာကိုး။ ၆ရက် ၇ ရက်နောက်ပိုင်းမှာ သူထိတွေ့ခဲ့တဲ့သူတွေကို ကျတော်တို့မေးထားပြီးပြီ။ မေးထားပြီးတဲ့သူတွေကို ဒီနေ့ညပေါ့ ဆေးလိုက်ဖြန်းသွားမယ် အဲဒီအိမ်တွေမှာ။ နောက်ကွင်းဆက်ကတော့ သူ့ဆီမှာ Positive ရှိမရှိပေါ်မူတည်တာပေါ့ အဲ့ကပြီးပြီဆိုတော့ ကျတော်တို့ကွင်းဆက်ထပ်လိုက်ရမယ်” လို့ ဦးဌေးအောင်က ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ