ကမ္ဘာတဝန်းက အသိအမှတ်ပြုထားတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့(၁၆) ရက်တာ လှုပ်ရှားမှုကို နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပလေ့ရှိပါတယ်။ ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာလည်း အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ၁၆ ရက်တာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၅ ရက်နေ့မှာ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) က ဘောလခဲ မြို့နယ်၊ ချိကွဲ့ကျေးရွာမှာ ပြုလုပ်မဲ့အပေါ် ဒေသအာဏာပိုင်တွေက လာရောက်ပိတ်ပင်တားဆီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေရဲ့ သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဟာ(၁၆ ရက်တာ လုပ်ရှားမှု)က တကယ့်ကို တကမ္ဘာလုံးပေါ့နော လုပ်နေကြတဲ့အရာဖြစ်တယ်ပေါ့နော […]

ကန္တာရဝတီတိုင်း(မ်) ကရင်နီအမျိုး သမီးအစည်းအရုံးက ပြုလုပ်တဲ့ ၁၆ ရက်တာ လုပ်ရှားမှု ပိတ်ပင်ခံရတဲ့အတွက် သက်ဆိုင်ရာ ရဲဌာနကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည်လည်ခွင့်(ငြိမ်းစုစီ) တင်ပြီး ဆက်လက်ကျင်းပသွားမယ်လို့ အတွင်းရေးမှူး – ၃ မော်ဘျားမာဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ “ ဘောလခဲမှာ ငြိမ်းစုစီဆိုတဲ့ဟာနဲ့ တင်ခိုင်းတယ် ဆိုတော့ ကျမတို့လည်း တင်လိုက်တယ်။ ကျန်တဲ့ မြို့နယ်ကိုလည်း ကျမတို့ လုပ်ဖို့ရှိတယ်ဆိုတော့ ကျမထင် ကျန်တဲ့ မြို့နယ်တွေကလည်း အုပ်ချုပ်ရေးမှုးတွေကလည်း အကုန်လုံး သိကုန်ပြီပေါ့နော။ သူတို့တွေပဲ အကြောင်းကြားတာလား ဘာလားတော့ မသိဘူးပေါ့နော ဒါပေမဲ့ ကျမတို့ အုပ်ချုပ်ရေးမှုးတွေကို ဖုန်းဆက်တော့လည်း အုပ်ချုပ်ရေးမှုးတွေက သူတို့က မလုပ်ရဲတော့ဘူးပေါ့နော လက်မခံရဲတော့ဘူး။ ကျမတို့က […]

ကန္တာရဝတီတိုင်း(မ်) ဘောလခဲ မြို့နယ်တွင် ကရင်နီအမျိုးသမီး အစည်းအရုံး အဖွဲ့ ရဲ့ ၁၆ ရက်တာ လှုပ်ရှားမှုအစီစဉ်ကို ခွင့်ပြုမိန့်မရသည့်အတွက် ဒေသအာဏာပိုင်တွေက လိုက်လံတားဆီးပိတ်ပင်ခံနေရတယ်လို့သိရပါတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်မထားတဲ့ ကရင်နီ အမျိုးသမီး အစည်းအရုံး အဖွဲ့ဟာ ၁၆ ရက်တာ လှုပ်ရှားမှု အတွက် ပြည်နယ် အစိုးရဆီက ခွင့်ပြုချက် မရတာကြောင့် ဒီနေ့ (၂၅ ရက်) ဘောလခဲ မြို့နယ် ချိကွက်ကျေးရွာမှာ ပြုလုပ်မယ့် အစီစဉ်ကို ဆက်လုပ်ခွင့်မရဘူးလို့ KNWO အတွင်းရေးမှူး ၃ မော်ဗျားမြာဦးကပြောပါတယ်။ “လုံးဝ ဒီဟာကို မလုပ်ရဘူး သူပြောတယ်။ မလုပ်ရဘူးဆိုတော့ ဆရာလို့… အခုကလည်း အခမ်းအနားကလည်းစတော့မယ်။ ဒီမှာ လူထုကလည်းလာနေပြီဆိုတော့ […]