spot_img
Homeသတင်းနန်းမယ်ခုံမြို့က ကျေးရွာတရွာကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲခဲ့ပြီး ကလေးငယ်နှစ်ဦးသေဆုံး

နန်းမယ်ခုံမြို့က ကျေးရွာတရွာကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲခဲ့ပြီး ကလေးငယ်နှစ်ဦးသေဆုံး

-

ကန္တာရဝတီတိုင်း (မ်)

ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန် နန်းမယ်ခုံမြို့အတွင်းက ကျေးရွာတရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ်နှစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ နန်းမယ်ခုံ အားမာန်သစ် ပရဟိတအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

” တစ်နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ချတယ်ပေါ့။ ဒရုန်းဝဲတယ်ဆိုတော့ ကျောင်းကနေ ဆရာမတွေက လွှတ်ပြန်တော့ လယ်ကွက်နားမှာ ပထမဆုံးတစ်လုံးကျတယ်။ အခြေနေမကောင်းတော့ ကလေးတွေကို သွား ပြေးပုန်းခိုင်းတယ် ပိန္နဲသီးပင်အောက်သွားပုန်းကြတာ။ အစတွေစင်ပြီး ကလေးကိုထိသွားတယ်”လို့ နန်းမယ်ခုံ အားမာန်သစ် ပရဟိတအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒရုန်းဗုံးစ ထိမှန်လို့ ပွဲချင်းပြီးသေဆုံးခဲ့ရတဲ့ မိန်းကလေးငယ်က အသက် ၁၀နှစ်ဝန်းကျင် ဖြစ်ပါတယ်။ တခြား အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

အဆိုပါ ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အရပ်သားတွေနေထိုင်တဲ့ ကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့တရက်တည်းမှာပဲ ရှမ်း -ကရင်နီနယ်စပ်က ကျေးရွာနှစ်ရွာကို စစ်အုပ်စုက ဒရုန်းနဲ့ကင်းထောက်မှုတွေပြုလုပ်ခဲ့တာပါ။ ကလေးငယ်နှစ်ဦးသေဆုံးခဲ့ရတဲ့ ကျေးရွာတရွာကိုတော့ ဒရုန်းနဲ့ ဗုံး သုံးကြိမ်ခန့် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့မှာလည်း နန်းမယ်ခုံမြို့က ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲခဲ့ရာ အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦး ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ