အန်ထော်နီ ကုန်ပစ္စည်း အရောင်းဆိုင်တွေမှာ ရောင်းချတဲ့ ကုန်ပစ္စည်းတွေအတွက် အညွန်းအမှတ်အသားဖော်ပြပြီးမှ ရောင်းချသွားဖို့ ဆိုတဲ့ အသိပေးရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ က စားသုံးသူရေးရာ ဦးစီးဌာနက ပြုလုပ်ခဲ့ပါတယ်။ “ကျနော်တို့ရဲ့ စားသုံးသူရဲ့ဥပဒေမှာ သူ့ရဲ့နစ်နာဆုံးရှုံးမှု ဝန်ဆောင်မှုအရဖြစ်စေ စားသောက်ကုန်မာပဲဖြစ်စေ ပေးထားတဲ့ဟာအတိုင်း ကျေနပ်နှစ်သိပ်မှု့မရှိဘူး အန္ဒရာယ်ဖြစ်စေတယ်ဆိုရင် ကျနောတို့ကို လာတိုင်ပြီးဆိုရင် ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးရေးမုှုးတွေက စုံစမ်းတွေ့ရှိမယ်ဆိုရင်တော့ စားသုံးသူရေးရာကောင်မတီရဲ့ ဥပဒေနဲ့ အရေးယူလို့ရတယ်။ အဲ့ဒီစားသုံးသူတွေရဲ့ ဥပဒေနဲ့မလုံလောက်တော့ဘူး နယ်ဖက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆိုတင်ပို့ရမဲ့ အမှုမျိုးဖြစ်လာရင် နယ်ဖက်ဆိုင်ရာ တရားရုံးတွေက တရားစွဲဆိုပိုင်ခွင့်ရှိတယ်” လို့ စုပေါင်းကူးသန်းရောင်းဝယ်ရေးဌာန ပြည်နယ်ဦးစီးမှုူး ဦးကျော်ဝင်းကပြောပါတယ်။ အညွန်းအနေနဲ့ ကုန်စည်တွေမှာ ကုန်စည်ရဲ့အမျိုးအမည်၊ အရွယ်အစား၊ […]