နော်ဒွေးအယ်ခူ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံကနေ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို Business Visa (လုပ်ငန်းဗီဇာ) နဲ့ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို ဝူဟန်ကိုရိုနာဗိုင်းရပ်စ်လက္ခာဏာရှိမရှိ ၁၄ရက်ကြာ စောင့်ကြည့်သွားမယ်လို့ လွိုင်ကော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းကပြောပါတယ်။ “မနေ့က(ဖေဖော်ဝါရီ ၁၀ရက်နေ့) သံသယလက္ခာဏာရှိ မရှိ သွားစစ်ဆေးတယ် ဒီနေ့လည်း သက်ဆိုင်ရာကျန်းမာရေးဌာနကထပ်သွားမယ်။ ပြန်ရောက်တဲ့ရက်ကစ ၁၄ရက်လောက် ကျတော်တို့ စောင့်ကြည့်ရမယ်” လို့ ဒေါက်တာကပြောပါတယ်။ တရုတ်နိုင်ငံသားနှစ်ဦးမှာ အသက်၃၀အရွယ်ရှိ Mr. Yang XiaoChual နဲ့ ၅၁နှစ်အရွယ် Mr. Li Xian Guo တို့ပဲဖြစ်ပါတယ်။ အဲဒီ တရုတ်နိုင်ငံသားနှစ်ဦးကို ၁၄ရက်အတွင်း နေထိုင်တဲ့အခန်းတွင်းကနေ အပြင်မထွက်ခိုင်းဘဲ တစ်ရက်လျှင် မနက်တစ်ကြိမ် ညတစ်ကြိမ် အဖျားလက္ခာဏာရှိ မရှိ […]