KT-FM ကရင်နီဘာသာ အစီအစဉ် ဇွန်လ (၂၃ ) ရက်၊ ၂၀၂၆ ခုနှစ် (အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွှင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– နန်းဖဲအုပ်စု၊ စစ်ဘေးရှောင်စခန်းတနေရာမှာ ငှက်ဖျားရောဂါ အဖြစ်များနေ
– ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရရှိရေးအတွက် အတူတကွ ဆက်လက်ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း
– ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း တနေရာနှင့် ထိုင်း-ကရင်နီနယ်စပ်တနေရာ မှာ (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ဆိုတဲ့ သတင်းနဲ့အတူ “လမ်းပျောက်နေသူအတွက် လမ်းဖောက်ပေးတဲ့ “ကရင်နီစစ်မျက်နှာပြင်က PNO တပ်လှုပ်ရှားမှု”လေး “ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ နန်းမယ်ခုံ မှာ ရောင်းချပေးနေတဲ့ ကုန်စျေးနှုန်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာ အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈း၀၀ ထိ Kantarawaddy Times ရဲ့ လူမှူကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။