ကန္တရဝတီတိုင်း(မ်) ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ရက်မြောက်နေ့ မှာ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘော်ရယ်စိုးဝေက ဒေါဖုအုပ်စုအတွင်း လျှပ်စစ်မီးရရှိရေးနဲပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီမေးခွန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လာမယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်မှာ ကယားပြည်နယ် အစိုးရရဲ့ ရန်ပုံငွေမှာ လျာထား ဆောင်ရွက်ပေးဖို့ ညှိနှိုင်းပေးမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒေါဖုအုပ်စု အတွင်းက ဒေသခံတွေကတော့ လျှပ်စစ်မီးရရှိဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့တိုင်း တင်ပြတောင်းဆိုပေမဲ့ ဒီနေ့ ထိ အကောင်ထည်မပေါ်သေးဘူးလို့ ဆိုပါတယ်။ ဒေါဖုအုပ်စု အုပ်ချုပ်ရေးမှူးဦးရီးရယ်က “တင်ပြတာကတော့ ဝန်ကြီးချုပ်ခရီးစဉ်ရှိတိုင်း […]